4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

စဉ်းစားစေချင်သည်

အားလုံးဘဲ မင်္ဂလာပါခင်ဗျာ ကျွန်တော်ရေးချင်တာလေးကတော့ ပီးခဲ့တဲ့အပါတ်ကအဆက်ဖြစ်တဲ့ အများစုမှားတတ်တဲ့ သပ်ပုံလေးတွေပြန်စုစည်းပြီး ဘယ်ဟာကအမှန် ဘယ်လိုသုံးနေတာကတော့အမှားဆိုတာကို ဆက်လက်ရေးသားဖေါ်ပြချင်ပါတယ် ဒါပေမယ့် အခြေအနေတစ်ခုအရ ကြားဖြတ်ဒီဟာလေးကိုရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ပြီးခဲ့တဲ့ လေးငါးရက်လောက်အတွင်းမှာ အပြောင်းအလဲ အထူးအဆန်းတော်တော်များများဖြစ်ပျက်သွားကြတာ အားလုံးသိရှိပြီးဖြစ်ပါလိမ့်မယ်။ ဒီလိုအပြောင်းအလဲတွေကို ခုတုံးလုပ်ပြီးစီးပွားရှာချင်တဲ့သူတွေကတစ်မျိုးရှိလေတော့ ကျွန်တော်ရေးတဲ့စာက တစ်ဦးဦးကိုထိခိုက်စေလိုသောစိတ်မရှိတာအမှန်ပါ ကျွန်တော်တို့မြန်မာတွေ ခေတ်ပညာတတ်တွေဖြစ်နေပြီး သူများပြောစကားယုံ သူတစ်ပါးပါးစပ်ဖျားလမ်းဆုံးနေကြတာကို မကြည့်ရက် မမြင်ရက်လို့ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

Screenshot_2018-03-26-00-41-08.png

ဟိုတစ်နေ့က အကယ်ဒမီပေးပွဲအပြီး အားလုံးသိကြတဲ့အတိုင်းဘဲ ရုပ်ရှင်သရုပ်ဆောင်မြင့်မြတ်၊ နေတိုး အစရှိတဲ့သူတွေအကယ်ဒမီရကုန်ကြရော အဲ သူတို့ရတာအသာထား ဖေ့ဘုတ်ပေါ်မှာ သူတို့ရုပ်ရှင်သရုပ်ဆောင်နာမည်တွေသုံးပြီး ပေ့တွေဖွင့် ပြီးတော့ အကယ်ဒမီရလို့ ဘာကိုမဲဖောက်ပေးမယ် like လုပ်ပါ ကွန်းမန့်မှာ ကြိုက်နှစ်သက်ရာ ဂဏန်းသုံးလုံးရေးပါ share ပေးကြပါဆိုတဲ့ပို့စ်တွေ တော်တော်များများမြင်ကြတွေ့ကြလိမ့်မယ်ထင်ပါတယ်။ အမလေးဗျာ ရှယ်လိုက်ကြတဲ့သူတွေမနည်းမနောဘဲ ကွန်းမန့်မှာလဲ ဂဏန်းသုံးလုံးက မန့်လိုက်သေးဗျ။ အမလေးကိုယ့်နဲ့အသိတွေတောင်ပါလိုက်သေး။ အော် လူတွေလူတွေ ဒါကဘာလုပ်တာဘာကြောင့် ပေ့ကို like လုပ်ခိုင်းပြီး Share ခိုင်းတာဆိုတာ တစ်ချက်လောက်ရှင်းပြပါရစေ။

Screenshot_2018-03-26-00-39-40.png

ခုခေတ်မှာက ဈေးကွက်စီးပွားရေးအရ ဖေ့ဘုတ်ပေါ်မှာ ငွေရှာကြတဲ့သူတွေ ဒုနဲ့ဒေးပါဘဲ တစ်ချို့လည်းသိကြမယ်လို့ထင်ပါတယ် တစ်ခ်ျု့လည်း ဖေ့ဘုတ်မှာငွေရှာတယ်ဆိုတာ ရီစရာဟာသပြောတယ်ထင်ချင်ထင်ကြပါလိမ့်မယ်ဗျာ။ ဖေ့ဘုတ်မှာပေ့ထောင်မယ် like များများရအောင်လုပ်မယ်။ ပြီးရင် ကိုယ်ပိုင် website သို့မဟုတ် blog တစ်ခုခုနဲ့ချိတ်မယ်၊ ကိုယ့် website သို့မဟုတ် blog မှာ ကြော်ငြာထည့်မယ်။ ကိုယ်ထည့်တဲ့ ကြော်ငြာအမျိုးအစားပေါ်မူတည်ပြီး လူဦးရေ ဘယ်လောက်ဒီ website သို့မဟုတ် ဒီ blog ကို ဝင်ရင် ဘယ်လောက်ပေးမယ်ဆိုတဲ့ကြော်ငြာတွေပေါ့။ အဲဒီတော့ လူတွေကို သူတို့ကိုယ်ပိုင် site တွေထဲဝင်လာအောင်လုပ်မယ် ကြော်ငြာခရမယ် ဒါကြောင့်ပေ့တွေထောင်တယ် ပေ့နဲ့ site တွေချိတ်ပြီး ပေ့မှာသတင်းတွေ ဟာသတွေ လူစိတ်ဝင်စားမယ့်အရာတွေတင်မယ်။

Screenshot_2018-03-26-00-40-58.png

ကဲ ကျွန်တော်ပြောပြတာကတော့ အကြမ်းဖျင်းသဘောလောက်ပါဘဲ တစ်ချို့သိပြီးသားဖြစ်ပါလိမ့်မယ်ဗျာ မသိသေးတဲ့သူတွေအဖို့တော့ သိအောင်ပြောပြရခြင်းဖြစ်ပါတယ်။ ဒါကြောင့်သူမေားပြောတာတွေမယုံကြပါနဲ့ သေချာစဉ်းစားပြီး ချင့်ချိန်ပြီးမှ ယုံကြပါဘဖေ့ဘုတ်ပေါ်မှ သတင်းမှန်သမျှသည် ၅၀% ကအမှားတွေဖြစ်ပါတယ်လို့ တင်ပြပါရစေဗျား
Myanmar Steemit အဖွဲ့သားများ ကျန်းမာရွှင်လန်းကြပါစေ။
Post Writer : Thet Naing Min (@thetnaingmin)
From Myanmar
Photo Credit facebook & me
MSC-129

65 upvotes $0.47

Replies (35)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: