4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အားလုံးအဆင်ပြေအောင်လုပ်လာကြတယ်

စိုက်ခင်းများအနီးတွင် ပျားမွေးမြူရေးလုပ်ငန်းလုပ်ခြင်းသည် အရင်းအနှီးနယ်းပါးပြီး မိသားစုအပိုဝင်ငွေလည်း
ရရှိ နိုင်ပါလေသည်
ပျားအုံတစ်ရာလောက်ကို အလုပ်သမားလေးနှစ်ယောက်နဲ့ စီမံခန့်ခွဲနိုင်ပါလေသည်မြေနေရာမလိုအပ်ခြင်းနဲ့
ရာသီဥတုပေါ် မှီတည်မှု မရှိခြင်းတို့ကြောင့်လုပ်ကိုင်သူလုပ်ငန်းရှင်များလည်း ပျားမွေးမြူခြင်းကို
ဆောင်ရွကသင့်ပါလေသည်ပင်းတယမြို့နယ် အတွင်းမှာ အရင်က တောင်ယာစိုက်ပျိုးခြင်း
လုပ်ငန်းကို ဆောင်ရွက်နေရာမှ အခုလက်ရှိအချိန်မှာတော့ ပျားမွေးမြူ ရေးလုပ်ငန်းကို
တစ်နိုင်တစ်ပိုင် ဆောင်ရွက်နေသူတွေကိုတွေ့လာရပါသည်အများအပြားရှိနေပြီ ဖြစ်တယ်လို့ သိရလေ၏
အရေးကြီးသောအချက်ကအရည် အသွေးရှိတဲ့ ပျားရည်ထုတ်လုပ်နိုင်ဖို့ဆိုရင် ပျားအတွက် သင့်လျှော်သော
အစားအစာရရှိမယ့် သီးနှံပင်များ စိုက်ပျိုးဖို့ လိုအပ်ပါလေသည်ပင်းတယဒေသမှာတော့
မိုးရာသီမှာ ပြောင်းနှင့်စပါး စိုက်ပျိုးသလို ဆောင်းရာသီမှာ ဟင်းသီးဟင်း ရွက်နှင့်
ဆီထွက်သီးနှံပင်များ စိုက်ပျိုးခြင်းဖြင့် ပျားများအတွက် အစားအစာ ရရှိစေနိုင်ပါလေ၏
စိုက်ပျိုးမြေရှိတဲ့ တောင်သူများက ပျားများဝတ်ရည် သောက်သုံးနိုင်ရေးအတွက်
ရာသီအလိုက် စိုက်ပျိုးသီးနှံများကို ပြောင်းလဲ စိုက်ပျိုး ကြပြီးတော့ မြေယာမဲ့ ပျားမွေးမြူသူများကတော့
စိုက်ပျိုးခင်းများရှိရာကို တစ်နေရာမှ တစ်နေရာရွှေ့ပြောင်း မွေးမြူကြရပါလေသည် အလွန်လွယ်ကူပါသည်
လယ်သမားဘ၀မှ ပျားမွေးမြူရေး လုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်သူတွေလည်း များစွာရှိလေသည်
ဒီ တောင်ပေါ်ဒေသကလူတွေက တခြား နေရာသွားရမှာကို နည်းနည်းကြောက်ကြပါလေသည်ရိုးသားကြသည်
မိတ်ဆွေများကတွဲခေါ်သွားတဲ့အတွက် သူတို့ လူမှုရေးအပေါင်း အသင်းတွေကအစ တအားကျယ်ပြန့်လာလေ၏
သူတို့သည် ဗမာပြည်ကမိတ်ဆွေဆိုတာ မရှိခဲ့တာကဆိုးပါသည် ဒီပျားမွေးမှ ဗမာပြည်က မိတ်
ဆွေတွေ တိုးလာပါတော့သည်နောက်ပြီးတော့ ဒီပျားရည်ထုတ်ရတာ သူတို့ တောင်သူထက်
အများကြီး ပိုအဆင်ပြေတယဆိုတာတွေ့လာကြရသည် အဲတာတွေ သဘောပေါက်လာတဲ့အတွက်
သူတို့လည်းအခု ပျားမွေးချင်စိတ်တွေ တအား ဖြစ်နေပြီးတော့ လေ့လာနေကြပြီဖြစ်သည်
နောက်ဆုံးတော့ ဒေသခံတောင်သူတေရှေ့ကလုပ်နေသူတို့်နောက်မှာ လိုက်ပါပြီး
ပျားမွေးမြူနေကြပါပြီဖြစ်လေသည် အရင်တုန်း ကဆိုရင် တောင်သူလုပ်ငန်းကိုပဲ
လုပ်ကိုင်ကြပါလေသည်အခုကျတော့ သူတို့ရဲ့ အသိပညာလေးတွေ အရမ်းကျယ်ပြန့်
လာပြီးတော့ အလုပ်အသစ်များကို စမ်းသပ်လုပ်ကိုင်နေကြပါပြီ အားလုံးအဆင်ပြေလာကြပါပြီ။

29 upvotes $0.00

Replies (3)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: