4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

သူငယ်ချင်းအတွက် စကားလက်ဆောင်လေး

ချစ်သူရေ နင်အထင်လွဲနေတာပါနော် တကယ်ပါဘဲ ဒီလိုအဖြစ်တွေကြုံရမယ်လို့ မထင်ခဲ့မိဘူး
ဟုတ်ရဲ့လားလို့တောင် ကိုယ့်ကိုကိုယ် ခဏခဏပြန်မေးနေမိတယ် နင့်ရဲ့အမုန်းစကားလုံးတွေကို
မခံစားနိုင်တော့ပါဘူးဟာ ဘယ်သူမှ ကိုယ့်ချစ်သူရဲ့ ဘ၀လမ်းခရီးမှာ အခက်အခဲ အတားအဆီး
အနှောက်အယှက်တွေ အဖြစ်နဲ့ မဖြစ်စေချင်ခဲ့ပါဘူး။ ချစ်သူရဲ့ဘ၀လမ်းခရီး ကို သာယာဖြောင့်ဖြူး
စေချင်တာတွေချည်းပါဘဲနော်။ ကိုယ်တိုင်က ချစ်သူအတွက် ဆိုရင်လေ အမှီုက်မဖြစ်ချင်သလိုပါ
ဘဲ ချစ်သူရွေးပွဲမှာလည်း ဒုတိယလူ အရံလူအဖြစ်နဲ့တော့ မနေချင်ကြပါဘူး။ ကိုယ်သာ ရွေးချယ်ခံရ
တဲ့ ကံကောင်းသောပထမလူ အဖြစ်သာရှိနေချင်တာပါဘဲ။ ချစ်သူရေ အရင်လို သူငယ်ချင်းအဖြစ်
နဲ့လည်းဆက်ပြီးမနေပါရစေနဲ့နော်။ သူငယ်ချင်း အဆင့်ထက် သာလွန်သော ချစ်ခြင်းနဲ့သာ ချစ်ပါရ
စေ ပြန်လည်လို့ ချစ်ခွင့်လေးပေးပါနော်။ နင်ရဲ့အထင်လွဲနေမှုတွေကို ပြေပြောက်အောင် စွမ်းဆောင်
ပေးနိုင်မယ့် တန်ခိုးရှင် သာ ဒိကဘာမှာ ရှိနေရင် သူရှိရာကို ငါလေ အရောက်သွားပြီး သူ့ရဲ့အကူအညီ
ကို ရအောင်ယူမိမှာပါဘဲ။ အခုတော့လေ ဘာမှအမှားအယွင်းမရှီပါဘဲ သက်သက်မဲ့အထင်လွဲခံပြီး
အမုန်းခံနေရတာက တကယ်ကို ငါ့အတွက် မထိုက်တန်လွန်းပါဘူးဟာ။ မင်းကို ငါက ချစ်တယ်လို့
ပြောလိုက်တိုင်းမှာနင်က အချစ်ကိုနားမလည်ဘူး မသိဘူးလို့ဘဲ ပြန်ပြောတက်တယ်နော်
မသိချင်ယောင်ဆောင်ပြီး နေခဲ့တာလည်း အကြိမ်ကြိမ်ပါဘဲ။ တကယ်တော့ သူငယ်ချင်းဆိုတာ
တစ်ယောက်နဲ့တစ်ယောက် ရိုးသားပွင့်လင်းရမယ်လို့ ငါတော့ထင်တယ်ဟာ နင်ငါ့ကိုမချစ်နိုငတာ
အကြောင်းပြချက်ကောင်းတစ်ခုတော့ ပေးသင့်ပါတယ်နော် အခုလိုမျိုး မသိချင်ယောင်ဆောင်ပြီး
အထင်အမြင်လွဲနေတာတော့ မဖြစ်သင့်ပါဘူးဟာ ငါ့ကိုချစ်ပါလို့တော့ မပြောရဲပါဘူး ဒါပေမယ့်
အထင်အမြင်လွဲနေတာကိုတော့ ဖြေလျှော့ပေးစေချင်တယ်လေ

32 upvotes $0.13

Replies (2)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: