4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဒီလို

စိတ်ညစ်ရင်ဒီ လိုလေး နေဖို့ သတိရလိုက်ပါ..

စိတ်ညစ်ပြီး ဘာမှမလုပ်ချင်တော့တဲ့အခါ ကောင်းကင်ကိုကြည့်ပါ..
ကောင်းကင်ကြီးက တစ်ကမ္ဘာလုံးနဲ့ ဆက်နေတာနော်...

နားမလည်တဲ့အရာဆိုတာရှိနိုင်ပါတယ်..
အရေးကြီးတာက နားမလည်တာကို နားလည်အောင် ကြိုးစားဖို့ပါ...
အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ ကိုယ့်ကိုကိုယ် ပြန်မေးပါ
ဒီတစ်ကြိမ်မှ မကြိုးစားရင် ဘယ်တော့ကြိုးစားမှာလဲ..

ကြိုးစားတာ” နဲ့ “စိတ်မပါပဲလုပ်တာ” ဆိုတာ အဓိပ္ပာယ်က မတူပါ...

တခါတလေ ငိုသင့်ရင်လည်း ငိုလိုက်ပါ...
မငိုတာကြာရင် မငိုတတ်တဲ့သူ ဖြစ်သွားနိုင်တယ်..

အရမ်းပင်ပန်းလာရင် ရှေ့ဆက်ပြီးကြိုးစားဖို့ထက်စာရင် ခဏအနားယူတတ်ဖို့လည်းလိုပါတယ်..

ကြုံတွေ့နေရတဲ့ ပြဿနာကို အရှုံးပေးရမယ်ဆိုရင်လည်း အကောင်းဘက်ကတွေးပြီး နောက်ဆုတ်ပေးလိုက်ပါ..

ပထမလည်းတော်သလို၊ ဒုတိယ တတိယလည်းတော်ပါတယ်...

စကြ်ာဝဠာသမိုင်းကနေကြည့်ရင် ကမ္ဘာ့သက်တမ်းဟာ ၄ နာရီလောက်ပဲရှိပါသေးတယ်..

သက်တံ့ဆိုတာဟာ မိုးတိတ်သွားမှ မြင်ရတာပါ..

ဘဝမှာ တန်ဖိုးအရှိဆုံးအရာဟာ အသက်ရှင်နေတာပါ..
အားလုံးမှာ တန်းဖိုးအရှိဆုံးအရာကို ပိုင်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့..

အဆင်ပြေရင်လည်း အဆင်ပြေသလိုနေပါ...
ဆုံးရှုံးမူတွေရှိရင်လည်း စိတ်ကိုဖြေပြီး နောက်တကြိမ် မမှားအောင် သတိထားပါ..

ကြိုးစားပေမဲ့လည်း အဆင်မပြေဘူး..
မကြိုးစားပဲ ထိုင်နေရင် ပိုအဆင်မပြေဖြစ်မှာပါ..

လူဆိုတာ ကြိုးစားချင်စိတ်ရှိရင် ဘယ်လောက်ပဲအသက်တွေရရ ပြောင်းလဲနိုင်ပါတယ်..
image

12 upvotes $0.15

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: