Community post
ခံယူချက်
မိမိတို့ကိုယ်တိုင်လုပ်သမျှ ရင်းနှီးထားသမျှ
ကိုယ် ချွေး
ကိုယ့်စိတ်နဲ့ပေးဆပ်ထားမျှတွေဟာ
ဖြစ်မလာဘူးဆိုရင် ဝမ်းနည်းမိတတ်ကြပါလိမ့်မယ်
ကိုယ်အကောင်းဆုံးမျှော်လင့်ထားသမျှ
ကြိုးစားခဲ့သမျှအားလုံး
ထင်မှတ်မထားလောက်တဲ့ အရာတိုင်းဆီကနေ
ရိုက်ချိုးခံလိုက်ရတာဟာ
ဝမ်းနည်းတယ်ဆိုတာထက်ပိုပြီး ရင်နာဖို့ကောင်းတယ်
လို့ပဲ ဆိုရပါလိမ့်မယ်
အချစ်မှာပဲဖြစ်ဖြစ်
လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်
လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ်
ကိုယ့်ဘက်က စိတ်ရောကိုယ်ပါ
ပေးဆပ်ပြီး ရင်းနှီးထားတဲ့အရာဆိုတာ
ကိုယ့်အမြတ်နိုးဆုံးအရာတွေပဲလေ…
ဒါပေမဲ့ အဲ့ဒီအရာတွေ
ရုတ်ချည်းပြိုလဲသွားတဲ့အခါ
လူဟာ စိတ်ဓာတ်ထိုးကျသွားတတ်ကြပါတယ်
အဲ့ဒီ ထဲမှာမှ စိတ်မခိုင်တဲ့သူတွေက
သူများထက်ပိုပြီးစိတ်ထိခိုက်လွယ်တဲ့အခါ
လုံးဝ ကို ပြန်မထ နိုင်တော့ဘူး…
ဒါပေမဲ့ ပြန်ထလာနိုင်တဲ့သူတွေလည်းရှိတယ်
ပြန်ထလာနိုင်တဲ့သူတွေဟာ
ခံယူချက်တစ်ခု ထားတယ်
စကားတစ်ခွန်းပေါ့ " ဖြစ် တတ် ပါ တယ်လေ "
ဆိုတဲ့ ခံယူချက်စကားတစ်ခွန်းထဲနဲ့
သူတို့ ဖြေသာဖို့ကြိုးစားပြီး
တည်ဆောက်လို့ရတဲ့အရာကို
တည်ဆောက်တယ် ပြန်တည်ဆောက်လို့
မရတော့ တဲ့အရာတွေကို တော့
ချန်ခဲ့တယ်… ပြီးတော့ သူတို့ အဲ့ဒီခံယူချက်နဲ့
ရှေ့ဆက်သွားကြတာပဲ
အဲ့ဒီ လူတွေဟာ လဲကျဖန်များတဲ့အခါ
နောက်ထပ်ခံယူချက်တစ်ခုကို
ဆင့်ကဲပြောင်းလဲသွားပြန်တယ်
ရှေ့မှာကိုယ်မမြင်ရတဲ့ အဆိုးတက အဆိုးတွေကို
ရှိနေအုံးမှာပဲ ဆိုတဲ့ ခံယူချက်နဲ့
သွားတဲ့ အခါ ပြန်ထ ရတာလွယ်ကူတယ်…
နောက်ဆုံး ဆင့်ကဲပြောင်းလဲတဲ့
ခံယူချက်ကတော့
တစ်ခုပဲရှိတယ်…
မင်း ဘယ်လောက်ပဲ တွန်းလဲနေပါစေ
ငါပြန်ထ ပြမယ် …
ဆိုတဲ့… နေက်ဆုံးအဆင့် ခံယူချက်ပေါ့
ကိုယ်ဆုံးရှုံးသွားတဲ့အရာတွေထဲက
ရနိုင်တာကို ပြန်ယူမယ်
ပြန်တည်ဆောက်မယ်
မရနိုင်တာကိုတော့ ချန်ခဲ့ရမယ်
ဆိုတဲ့ အတွေးတွေနဲ့
ပြန်ထဖို့ တော့လိုတယ်…
ခံယူချက်ကလည်းစကားပြောပါတယ်
အဲဒီလိုမဟုတ်ပဲ …
ဆိုးလိုက်တာကွာ လောကကြီးကမတရားဘူး
အစရှိတဲ့ ခံယူချက်တွေ နဲ့
ဝမ်းနည်းနေရင် သင်အမြဲတမ်း
လဲကျနေမှာပါပဲ…
ဒါကြောင့် ခံယူချက် ကလည်းအရေးကြီးပါတယ်။

Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.