4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အ​ဖေနဲ့အ​မေ

FB_IMG_1536059404262.jpg
Image source

ကျွန်​မတို့​တွေ လူလားမ​မြောက်​ခင်​ ဟိုအရင်​ သ​န္ဓေတည်​ကတည်းက ကျွန်​မတို့နဲ့ပတ်​သက်​ပြီး အချစ်​​တွေ ​မေတ္တာ ​တွေ​ပေးထားခဲ့ကြတာ အ​ဖေနဲ့အ​မေပါ။ ငါ့သား​လေး၊ငါ့သမီး​လေး သဲသဲကွဲကွဲ မသိခင်​ကတည်းက အလုပ်​​တွေကြိုးစားရှာ​နေတာ အ​ဖေပါ။ သူများနဲ့ယှဉ်​မျက်​နှာမငယ်​ရ​အောင်​ စီးပွား​ရေး​ပြေလည်​ဖို့ အတွက်​​နေပူမ​ရှောင်​၊မိုးရွားမ​ရှောင်​ ရှာ​ဖွေခဲ့တာ အ​ဖေပါ။ အစားအ​သောက်​၊အ​နေအထိုင်​ မသက်​သာ​ပေမယ့်​ ​နေ့တိုင်း​မေတ္တာ​တွေပို့ အချစ်​​တွေနဲ့ လူ​လောကအလယ်​ကို​ရောက်​လာမယ့်​ ကျွန်​မတို့​တွေကိုအပြုံးမပျက်​ကြိုဆို​နေတာ အ​မေပါ။

FB_IMG_1536059278318.jpg
Image source

လူလား​မြောက်​လို့ အရွယ်​မ​ရောက်​​သေး​သော ကျွန်​မတို့​တွေကို အစစအရာရာ အ​သေးစိတ်​ဂရုစိုက်​ပြီး ကြီးပြင်းသည်​အထိ ဆုံးမ​ပေး​နေတာ အ​မေနဲ့အ​ဖေပါ။ မှားသင့်​တာ မမှားရ​အောင်​ အကြိမ်​ကြိမ်​မ​မောနိုင်​​အောင်​ ​ထောက်​ပြ​ပေး​နေတာ အ​ဖေနဲ့အ​မေပါ။ ပညာ​တွေ အခက်​အခဲမရှိသင်​ယူနိုင်​​ရေး ​နေ့တိုင်း ရှာ​နေတဲ့အ​ဖေ့ရဲ့​ချွေး​ကြွေး​တွေ၊ မိသားစု​ရေး​ပြေလည်​​ရေး ချီးတစ်​ခါ ငှါးတစ်​လှည့်​ မရှက်​မ​ကြောက်​ ​ခေါင်း​မော့ပြီး​ဖြေရှင်း​ပေးတဲ့ အ​မေ့ရဲ့ သတ္တိ​တွေ ကို ​လေးစားရင်​၊တန်​ဖိုးထားရင်​ ၊​ကျေးဇူးသိတတ်​ရင်​ သူတို့​တွေအတွက်​ မငြီးညူပါနဲ့။ ခါး​တွေကိုင်း ဇရာ​တွေ​ထောင်း​ပြီး ယိုင်​နဲ့​နေတဲ့ သူတို့လက်​တွကို ​ဖေးမကြပါ။ မျက်​လုံး​တွေဝါး အသိဥာဏ်​​တွေ မ​ကောင်း​တော့တဲ့ သူတို့​လေး​တွေကို ​စောင့်​​ရှောက်​ကြပါ။ သူတို့​တွေ အိုမင့်​ရင့်​​ရော်​မှု​ပေါ် မတရားသမှုမပြုပါနဲ့။ ဟိုအ​မေအိုတစ်​​ယောက်​ လမ်း​ဘေးဘယ်​သူထားခဲ့မှန်းမသိဘူး၊ ဟိုအ​ဘကြီးတစ်​​ယောက်​ မျက်​ရည်​​တွေနဲ့ ဓာတ်​တိုင်​နားမှာ ဘယ်​သူ့ကို ​မျှော်​​နေလဲမသိဘူး။ သနားစရာ သူတို့ဘဝ​တွေကို အ​ကြွေးဆပ်​တဲ့အ​နေနဲ့ အလင်းပြန်​​ပေးပါ။ ​ကျေးဇူးဆပ်​တဲ့အ​နေနဲ့ ​ကျွေး​မွေး​စောင့်​​ရှောက်​ပါ။ တစ်​ချိန်​က ခင်​ဗျား အကြိမ်​ကြိမ်​​ခေါ်ခဲ့တဲ့ နာမည်​နှစ်​လုံး ​လောကကြီးထဲက စာရင်း​ပျောက်​သွားမှ လိုက်​ရှာမ​နေနဲ့။ ရှိတုန်းမှာ တန်​ဖိုးထားပါ။ ရှိတုန်းမှာ တဝကြီးချစ်​ပါ။ သူတို့ဟန်​ပါပါနဲ့ ပြုံးတဲ့အပြုံး​တွေ မကွယ်​​ပျောက်​ခင်​ အားပါးတရကြည့်​​နေလိုက်​စမ်းပါ။ အ​ဖေနဲ့​အ​မေကို တန်​ဖိုးထား ပြီ​ကျေးဇူးတရားဆပ်​တတ်​ကြပါ​စေ။

@thithisann
Msc 262

6 upvotes $0.02

Replies (10)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: