4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

" ..............လမ်း "

တစ်ခါတစ်ရံ မင်းကို ပြင်းပြင်း ပျပျ သတိရသည်။ များသောအားဖြင့်ကိုယ်က လူတစ်ယောက်ကို ပြင်းထန်စွာ သတိမရမိတတ်။ သတိမရတတ်ဟုဆိုခြင်းထက် သတိမရအောင်နေမိတတ်သည်ဟုဆိုခြင်းက ပိုမှန်လိမ့်မည်။ home silk ခံစားရမိသည့်အခါမျိုးမှာ တစ်ယောက်တည်း အခန်းပိတ်ပြီးခွေနေမလား အဲ့ဒါ မျိုး အပြုအမူမျိုး ဘယ်တော့မှ မလုပ်ပါ။ ထိုအခါမျိုးတွင် အခန်းကိုနောက်ကျမှ ကိုယ်ပြန်လေ့ရှိသည်။ သူငယ်ချင်းတစ်ယောက်ယောက်နှင့် ညစာစားတတ်သည်။ စာအုပ်ဆိုင်တွေဘက် ၀င်မွှေသည်။ တစ်ခါတစ်ရံ ဦးတည်၍၀ယ်စရာမရှိပဲ တစ်ယောက်တည်း ပတ်ချင်ပတ်နေတတ်သည်။ နောက်တစ်နေ့မနက် ကိုယ့်ဘုရားပန်းအိုးလေးမှာတော့ မေမေကြိုက်တတ်သည့် ပန်းတစ်မျိုးမျိုးရှိနေတတ်သည်။ ဒါကကိုယ့်အကျင့်။ တစ်ခါတစ်ရံ သူငယ်ချင်း တစ်ယောက်ယောက်ကို လွမ်းမိသည့်အခါ ဖုန်းမဆက်တတ်။ ထိုအခါမျိုးတွင် သူ့အသံကို ကိုယ်မလွမ်းပါ။ သူ့အပြုအမူလေးတွေကိုသာ ကိုယ်လွမ်းတတ်သည်။ တစ်ပတ်လောက်ကြာမှ သူ့ကိုခုမှကောက်ကာ ငင်ကာသတိရသလိုနှင့် အကြာကြီးဖုန်းပြောလေ့ရှိသည်။ ထိုအခါမျိုးတွင် သူ့အသံသည် ကိုယ့်အတွက် မသောက်ရတာကြာပြီဖြစ်သည့် ကော်ဖီတစ်ခွက်ကို ခုမှပြန်သောက်ရသလို ကျေနပ်မှု အပြည့်နှင့်ဖြစ်သည်။ တစ်ချို့သော သူငယ်ချင်း များကအချိန်ပေးဖုန်းမပြောနိုင်တဲ့ အကြိမ်အရေအတွက်များလာသောအခါ ကိုယ်ကလည်း ပြန်မဆက်သွယ်မိသော အခါဖြေရှင်းချက်တောင်းသောအခါများမှာလည်း ကိုယ့်မှာ ဖြေရှင်းစရာ အဖြေမျိုးက အလွန်ကိုရှားပါးနေတတ်ပြန်သည်။ တစ်ခါတစ်ခါကျ ကိုယ်ကိုယ်တိုင် အံ့သြရလောက်အောင် သွေးအေးတတ်လာသည်။ အရေးကြီးသည်ဟု ကိုယ်ထင်သည့်အရာအချို့ကို လုပ်နေရင်းတောင်မှ ရင်မခုန်တတ်တော့။ ထိုအခါမျိုးမှာ သွေးပူအောင်စာဖတ်မှဖြစ်မယ်လို့အကြိမ်ကြိမ်သတိပေးရသည်။ အမှန်တော့ ကိုယ့်စိတ်ကိုယ် balance ဖြစ်အောင်ထိန်းရသည့်အလုပ်သည် လွယ်မလိုနှင့်ခက်သည်။ အခါများစွာတို့တွင် ကိုယ့်စိတ်က ကိုယ့်အလိုကိုမလိုက်ချင်။ မိသားစု မဟုတ်သည့် လူတစ်ယောက်ကို တစ်ကြိမ်တစ်ခါလောက် ရူးရူးမူးမူးလေးချစ်ကြည့်ဖူးချင်သည်။ ပြင်းပြင်း ထန်ထန် တစ်ခါလောက် အသည်းကွဲကြည့်ဖူးချင်သည်။ ထိုသူသည် မင်းဖြစ်မလားဟု တစ်ခါတစ်ရံ ကိုယ့်စိတ်ကိုယ် စမ်းသပ်ကြည့်မိသည်။ အမှန်တော့ ခက်ခဲတဲ့မေးခွန်းတစ်ခုကို hints ပေးပြီး လိုချင်တဲ့အဖြေကိုရအောင်ဇွတ်တွက်ခိုင်း နေသလိုဖြစ်ပြီး အချိန်မစေ့ခင်မှာပဲ တွက်နည်းကို ကိုယ်မှန်အောင်ဘယ်တော့မျှမသိပါ။ အဖြေမှန်ကိုလည်း ကိုယ်ဘယ်သောအခါမျှမရခဲ့ပါ။ ဒါဟာ ကိုယ့်အတွက် မရယ်ရသော ပျက်လုံးတစ်ခုသာဖြစ်တတ်သည်။ ကိုယ်လူတစ်ယောက်ကို အံ့သြစရာကောင်းလောက်အောင် ဘယ်တုန်းကမျှ မချစ်တတ်ခဲ့တာကတော့သေချာသည်။ ကိုယ့်အတွက်ချစ်စရာလူက အဲ့လောက်ထိကို ရှားပါးလွန်းသည်။ လူကြီးမိဘ အချို့  က လိမ္မာတယ်နော်လို့ ပြောလျှင်ကိုယ်ကျောမလုံတတ်။ အမှန်တော့ ကိုယ်က အရမ်းလိမ္မာနေတဲ့ အမျိုးအစားထဲမှာ မပါသလို အရမ်းဆိုးနေတဲ့အမျိုးအစားထဲကလည်းမဟုတ်ဘူး ဆိုတာ ကိုယ့်ကိုယ်ကို သာအသိဆုံး။ ဘယ်လိုအဆုံးသတ်ရမယ်မှန်း မသိသော လမ်းကြောင်း တစ်ခုကို ကိုယ်စလျှောက်ကြည့်ခဲ့သည်။ ထိုစဉ်အချိန်ကတော့ ကိုယ်သိသိချည်းနှင့် လျှောက်ခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ထိုလမ်းကို အဲ့ဒီ အချိန်တုန်းက ကိုယ်က လျှောက်ကိုလျှောက်ကြည့်ချင်နေ၍ ဖြစ်သည်။ မင်းသည် ကိုယ်အကြိမ်များစွာက ဖတ်ခဲ့ဖူးသော ပုံပြင် အချို့နှင့် ခြားနားနေခြင်းကပင် ကိုယ့်ကို ဒီလမ်းက စိတ်ဝင်စားမှု ပိုမိုဖြစ်စေခဲ့သည်။ ကိုယ့်စိတ်ရဲ့ မှန်းဆ မှု ဒီတစ်ခါ လည်းမလွဲမှားဘူး ဆိုလျှင် မင်းလည်း ကိုယ့်လိုပဲလို့ ကိုယ်ထင်သည်။ မင်းနဲ့ ဆုံစည်း ခဲ့ရခြင်းကိုတော့ ဘယ်သောအခါမှ ကိုယ်ကနောင်တရမည်မဟုတ်ပါ။ ကိုယ်က အခါများစွာတို့တွင် လူတွေ နှင့်ဆုံစည်းရခြင်းကို နောင်တမရတတ်ခဲ့ပါ။ အခုနောက်ပိုင်း အချိန်တွေကုန်တာ အရမ်းမြန်လာတယ်လို့ ကိုယ်ထင်မိသည်။ ထိုအမြင်ကြောင့်ပဲ နောင်တမရတာ ဖြစ်မလားတော့မပြောတတ်။ သို့ ရာတွင် ထိုအရာကတော့ ကိုယ်ထင်မြင်မိတဲ့ တစ်ခုတည်းသော ကိုယ့်ရဲ့တိုးတက်မှုဖြစ်ကောင်းဖြစ်ပါလိမ့်မည်။
IMG_5687.JPG
Photo Credit By Google Image
Author:@thanthansoe(Steemit)

4 upvotes $0.01

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: