Community post
Marriage
၁။ အိမ်ထောင်သည်တွေဟာ ရန်ကုန်မြို့နဲ့တူတယ်။
တစ်နေရာနဲ့တစ်နေရာ သွားဖို့လည်း မလွယ်၊ သွားလို့ရှိရင်လည်း မီးပွိုင့်တွေ အထပ်ထပ်မိ။ သနားစရာကောင်းတာက သူဟာ မြို့တော်အဆင့်ကနေ တစ်ဆင့်လျှော့ခံထားရတာပဲ။
၂။ ရည်းစားရှိတဲ့သူတွေဟာ မန္တလေးနဲ့ တူတယ်။
စည်ကားတယ် ခမ်းနားတယ်။ သွားချင်တဲ့နေရာကို အလွယ်တကူ ဆိုင်ကယ်လေးနဲ့လည်း ပတ်လိမ့်နေလို့ရတယ်။ ဒါမယ့် တစ်ခုရှိတာက အနောက်တိုင်းယဉ်ကျေးမှုတွေ တိုးပွားလာပေမယ့် ယဉ်ကျေးမှုမြို့တော်ဆိုပြီး ဝံ့ကြွားချင်တယ်။
၃။ Single တွေဟာ ပြင်ဦးလွင်နဲ့ တူတယ်။
အေးချမ်းတယ် သာယာတယ်။ သွားလာလည်ပတ်စရာတွေ ပေါများတယ်။ အစားအသောက်လည်း ပေါများတယ်။ အားသာချက်က လူတိုင်းဟာ သူ့ဆီကို လာနေချင်ကြတာပဲ။
၎။ FA တွေရဲ့ ဘဝက နေပြည်တော်နဲ့ တူတယ်။
လမ်းတွေအများကြီးဖောက်ထားတယ် .. သွားမယ့်သူ မရှိဘူး
အဆောက်အဦးတွေအများကြီး ဆောက်ထားတယ် .. နေမယ့်သူမရှိဘူး
ဘောလုံးကွင်းတွေ ရှိတယ် .. ဘယ်သူမှ ကန်ခွင့်မရှိဘူး
လူတိုင်းနှာခေါင်းရှုံ့ပေမယ့် သူ့ကိုယ်သူတော့ မြို့တော်ကြီးအဖြစ် ဘဝင်မြင့်တုန်း။
Credit : Original Writer
စကားမစပ် သင်ကော ဘယ်မြို့မှာနေလဲ????? 
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.