4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Cele ayuu

မနေ့ က ခေါင်းကို ချောင်းရိုက်ခံလိုက်ရ ပြီး image
မနက်ကျ ပထမဆုံး ex အမည်မေ့ သွားတယ်။
မေမေ့ ကို မေးကြည့်လိုက်တော့ 'အလင်းရောင်' လေ
သမီးရဲ့တဲ့။

ဒုတိယ အခုလက်ရှိတွဲနေတဲ့ ဘဲ ကို မေ့တေ့တေ့ဖြစ်သွားတယ်။
facebook acc ဖွင့်ပြီး RS ချိတ်ထားတာကို
ကြည့်လိုက်တော့မှ ' နေတိုး ' ဆိုပြီး နာမည်ကိုတွေ့လိုက်ရတယ်။

စဉ်းစားရတာတွေ များတော့ ခေါင်းနည်းနည်းမူးလာတယ်။
အဲ့ဒါနဲ့အိပ်မယ်လုပ်တော့ ဖုန်းကဝင်လာတယ်။

'' ဟယ်လို ညီမ . . . အစ်ကို အောင်ရဲလင်းပါ။
ညီမ ကို prupose လုပ်ထားတာ အဖြေပြန်ပေးတော့လေ''
image
အတိတ်မေ့တေ့တေ့ ဖြစ်နေတဲ့ သူကို
ဘာတွေ လာပြောမှန်း မသိတော့ ။

'' ရှင် ဘယ်သူလဲ ။ ဘယ်ကလဲ ။ ဘာလို့ ကျွန်မဆီ
ဖုန်းဆက်တာ လဲ ''

ဒေါ ပေါက်ပေါက်နဲ့ မေးလိုက်မိတယ် ။

'' ဒီမယ် ညီမ . . . မင်း ကိုယ့်ကို လက်မထပ်ချင်လို့ ကိုယ်လက်ထက်ခွင့်တောင်းထားတာကို မသိချင်ယောင်ဆောင်ပြီး
တမင် ဂွင် စင်နေတာ ကိုယ်သိတယ်နော်''
တဲ့။

ခက်တယ်ရှင် ခက်တယ်။
ဒီက memory တွေ ပျောက်နေပါတယ် ဆိုနေမှ ။

ဘာမှ မပြောချင်တော့တာနဲ့ ဖုန်းပိတ်ပြီး အိပ်နေလိုက်တယ်။
အိပ်ပျော်မဲ့ ဆဲဆဲ ဂီတာ သံ တွေ ၊ သီချင်း ဆိုသံတွေကြားရလို့ အိမ်အပြင် ဝရန်တာ ထွက်ကြည့် မိတယ်။

'' ငြိမ်းချမ်းပါစေ ကောင်မလေးရေ . . ရင်ထဲက အချစ်များနဲ့¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬ အိမ်မက် တစ်ခုလို အနာဂါတ် တစ်ခုကို ထာဝရအတွက်ဖန်ဆင်းမယ် ''

ဝရံတာ အပြင်ရောက်တော့ စောနက ဆိုနေတဲ့ သီချင်းသံ က
ပြောင်းသွားတယ် ။

'' ချာတိတ်ကလေးရေ . .
¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬· မင်းနဲ့ ချစ်ခွင့်ရချင်လို့ ''

ပြီးတော့ သီချင်း ဆိုနေတာ ကို ရပ်လိုက်ပြီး . .

'' ချာတိတ်ရေ . . . မင်း ကို ဦး. . အရမ်းချစ်တယ် . . . ''

လို့ အောက်ကနေ လှမ်းအော်တယ် ။

ဘယ်က 'ဦး' လဲ လို့ စဉ်းစာတယ်။
အိမ်က ညီမဖြစ်သူ ပြောမှ သိတယ်။
အဲ့ဒါ စိုင်းစိုင်းခမ်းလှိုင် တဲ့လေ။

အဲ့မယ် တင် စဉ်းစားရပြီ။
ကျွန်မရဲ့ ဘဝအဖြစ်မှန်တွေက ဘာလဲ။
ကျွန်မက ဘယ်လို လူစားလဲ ဆိုတာတွေပေါ့။
ဘာလို့ ကျွန်မ ဒီလောက် ဘဲ ကြည်နေတာလဲ ဆိုတာ လည်း ဝေ ခွဲမရတော့ ။

'' သမီးရေ အောက်မှာ ဧည့်သည်ရောက်နေတယ်''

ဆိုတဲ့ အမေ့ စကားကြောင့် အိမ်အောက်ထက်
ကို ဆင်းသွားရတယ်။

အောက်ထပ်လည်းရောက်ရော အသားခပ်ဖြူ ဖြူ ကောင်လေး ချောချော လေး တစ်ယောက်ကို တွေ့လိုက်ရတယ် ။
စားပွဲပေါ်မှာလည်း လက်ဆောင်တွေ အများကြီး ။

'' ညီမရေ . . အစ်ကို ဂျပန်က ညီမ အတွက် လက်ဆောင်တွေလပါလာတယ် ခင်ဗျာ ။
ညီမ ကြိုက်မယ် လို့ ထင်ပါတယ် ခင်ဗျာ ။

ကြောင်ကြည့်နေမိတယ်။

'' ဟဲ့ သမီး . . . အဝင်း လေးက သမီးအတွက် ဂျပန်ကနေတောင် တကူးတက လက်ဆောင်တွေ ဝယ်လာတာလေ . . ကျေးဇူးတင်ကြောင်း ပြောလိုက်အုံး ''

'' ရှင် . . ရှင် . . က ဘယ်သူ တုံး . . ''

'' ဟင် . . ညီမ . . . အစ်ကိုက မိုရီဆာကီဝင်းလေ . . ။ ညီမ နဲ့ လက်ထပ်ဖို့ လူကြီးတွေ က
စီစဉ်ပေးထားတာလေ ''

'' ဟင့်အင်း ရှင့်ကို ကျွန်မ မသိဘူး . . မသိဘူး . . . မူးတယ် မူးတယ် ''

'' ကဲ . . သား အဝင်း . . မင့်ညီ မ နေ မကောင်း ဖြစ်နေလို့ ပါနော် . . ခွင့်လွှတ်ပေးလိုက်ပါ''

စိတ်တော့မကောင်း မိုရီဆာကီဝင်း တစ်ယော် ခေါင်းငိုက်ဆိုက်ပြီး ပြန်သွားရှာတယ်။

အိမ်ပေါ်ထပ် ကို ပြန် တက်လာလိုက်တယ်။
ဟမ် . . .ပါဆယ်ထုပ်ကြီး ။

'' အငယ်မ . . . ဒါဘာကြီးလဲ ''

အိမ်က ညီမအငယ် ကို မေးရတယ် ။

'' မမ အတွက်တဲ့ ကိုကြီး ပိုင်တံခွန် က
လက်ဆောင် ပို့လိုက်တာလေ ''

'' အငယ်မ . . . ငါ ဒါတွေ မမြင်ချင်ဘူးဟာ . .
အဝေးကိုယူသွားပေး ''

''ဟုတ် မမ ''

ကုတင်ပေါ် ကို လှဲ ချလိုက်တယ် ။ မျက်လုံးကို မှိတ်ထားပြီး စဉ်းစားမိတယ် ။

ကျွန်မ ဘယ်သူလဲ . . . ကျွန်မ ဘယ်သူလဲ ။

'' မမ ရေ . . . မမ နင်တော့ ပြ ဿ နာတက်ပြီ နင့်ကြောင့်
ရပ်ကွက်ထဲမှာ ကိုငြိမ်းသော်နဲ့ ကိုရွှေထူး ရန်ဖြစ်ကြလို့တဲ့
အာ့ နင့်ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးက ခေါ်ခိုင်းလိုက်တယ်တဲ့''

'' ဟင် ''

ခေါင်းထဲက မူးလာပြီး စီကနဲ ဖြစ်လာတယ် ။
ကျွန်မ ဘယ်သူလဲ .?
ဘာလို့ ဒီလောက် ဘဲ ကြည်နေရတာလဲ?

မေးခွန်းပေါင်းများစွာနဲ့ . . .

®ခဲတံ®

(' ကျွန်မ ' နေရာတွင် ကိုယ့်ကိုကိုယ် နာမ်စား သုံးပါရန်)

6 upvotes 1 downvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: