4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ကျော်ကြားတ

ရန်ကုန်မြို့ရဲ့ မြို့တွင်းဘတ်စ်ကားစနစ်ကို မ.ထ.သ စနစ်ကနေ YBS (Yangon Bus Service) အဖြစ် ပြောင်းလဲပြီးတဲ့နောက် အော်ပရေတာကုမ္ပဏီတွေက တရုတ်နိုင်ငံထုတ်ဘတ်စ်ကားသစ်တွေကို တင်သွင်းပြေးဆွဲခဲ့ကြပြီး စီးနင်းသူခရီးသည်တွေကလည်း ဘတ်စ်ကားသစ်တွေနဲ့ ပြေးဆွဲမှုကို ကြိုဆိုခဲ့ကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရက တရုတ် Yutong နဲ့ Ankai အမျိုးအစား ဘတ်စ်ကားသစ် အစီး ၁ဝဝဝ ကို ဝယ်ယူကာ YBS အော်ပရေတာကုမ္ပဏီ ၂ ခုအတွင်း ရှယ်ယာထည့်ဝင်ပြေးဆွဲခဲ့သလို Omini Focus ကုမ္ပဏီနဲ့ လူထုမိတ်ဆွေကုမ္ပဏီတို့ကလည်း တရုတ် Foton အမျိုးအစားဘတ်စ်ကားသစ်တွေနဲ့ YBS စနစ်မှာ ပါဝင်ပြေးဆွဲနေပါတယ်။ ဒါကြောင့် ကျော်ကြားတဲ့ တရုတ်ဘတ်စ်ကားကုမ္ပဏီတချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
image
၁။ Yinlong

Yinlong ကုမ္ပဏီကတော့ တရုတ်နိုင်ငံရဲ့ ကျော်ကြားတဲ့ဘတ်စ်ကားကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အမည်အပြည့်အစုံကတော့ Zhuhai Yinlong Energy Co,Ltd ဖြစ်ပါတယ်။ ကုမ္ပဏီကို ၂ဝဝ၈ ခုနှစ်မှာ စတင်လည်ပတ်ခဲ့တာဖြစ်ပြီး ကုမ္ပဏီရဲ့ ရုံးချုပ်ကိုတော့ ၂ဝဝ၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ လျှပ်စစ်ယာဉ်တွေကိုတွေရဲ့ ပါဝါစနစ်တွေကို ထုတ်လုပ်ရောင်းချသလို ယာဉ်တစ်ခုလုံးထုတ်လုပ်မှုတွေကိုလည်း ပြုလုပ်တာဖြစ်ပါတယ်။

14 upvotes $0.15

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: