4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

နတ်ဂဠန်နဲ့တခြားကမ္ဘာ

နတ်ပြည်မှာကနတ်သားတွေ နတ်သမီးတွေရှိ
တယ်သူတို့ကနတ်ပြည်မှာလဲနေသလို လူနဲ့ပုံစံ
တူတခြားကမ္ဘာမှာလဲနေထိုင်တယ် အဲ့ကမ္ဘာမှာနေရင်သူတို့မှာလဲသုံးစွဲဖို့အတွက်လိုတယ် လိုတောသူတို့ကအလုပ်လုပ်ကျတယ်
အဲ့နေရာမှာနတ်သမီးတွေရဲ့ခံယူချက်ကိုပြောပြမယ် သူတို့တွေကလှလဲလှကျတယ်(ဘယ်လိုလှလဲလို့မေးရင်လူပြည်မှာ မျက်နှာကလဲလှ အသားအရေကလဲကောင်း လှုပ်ရှားမူပုံစံကလဲကြည့်လို့အဆင်ပြေတဲ့မိန်းကလေးတွေတွေ့ဘူးတယ်မလား အဲ့လိုမိန်းကလေးမျိုး၁၀ယောက်ပေါင်းထားတာ
လောက်လှတယ် ယောက်ကျားတွေရဲ့သဘော
သဘာဝကိုလဲကျွမ်းကျင်တယ် အလုပ်လဲလုပ်ကျ
တယ် အဲ့တော့သူတို့မှာဦးဆောင်မူစိတ်ဝင်သွားတယ်
ဦးဆောင်မူစိတ်ဝင်တာပြသာနာမရှိဘူး တချို့နေရာတွေမှာအသိလွန်တဲ့ပုံစံမျိုးတွေ တွေ့ရတယ် (သိတာ တက်တာ တော်တာ)ကောင်းပင်မဲ့လဲ အရှေမှာရေးခဲ့သလို(အာကာသမှာနေသူများအကြောင်း)အလည်လွန်ရင်လဲအလုပ်မ
ဖြစ်ဘူး လောကအကြောင်းပဲဖြစ်ဖြစ် ဘာအကြောင်းပဲဖြစ်ဖြစ် အရမ်းနားလည်သွားရင်
ကိုယ့်ခံယူမူကအရေးကြီးတယ် ခံယူချက်မှားရင်
လောက ကအဓိပ္ပါယ်မရှိတဲ့ပုံစံမျိုးဖြစ်သွားတက်
တယ် သွားရမဲ့လမ်းကြောင်းကရှိပါတယ် အဲ့ဒါကစိတ်ရဲ့ငြိမ်းချမ်းမူပဲ ဒါပင်မဲ့တကယ်ငြိမ်းချမ်းချင်ဖို့တော့လိုတယ် (ထုတ်ကုန်တခုလိုပေါ့ တကယ်ငြိမ်းချမ်းချင်ရင်ကိုယ့်ခန္တာကိုယ်ထုတ်
ကုန်ကောင်းသွားတဲ့သဘောမျိုးဖြစ်သွားတယ်)
စိတ်ရဲ့အဆုံးကငြိမ်းချမ်းမူပဲ (အဲ့နေရာမှာအယူအဆတခုကိုပြောချင်ပါတယ် ငြိမ်းချမ်းမူဆိုတာကိုယ်ကငြိမ်းချမ်းသွားပြီးထိုင်နေလို့တော့မရဘူး အရေးကြီးလာရင်အပြောင်းအလဲကိုလဲလုပ်နိုင်ရမယ် ဥပမာကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကိုထိလာရင်
အပြောင်းအလဲလုပ်နိုင်တာမျိုးပေါ့ ငြိမ်းချမ်းချင်လို့တရားပဲ
ပဲထိုင်ပြီးကျန်တာမလုပ်တက်ရင်မဟုတ်သေးဘူး
ငြိမ်းချမ်းသွားရင်ဖြစ်တက်တဲ့သဘာဝရှိတယ် သူများရဲ့လက်တွေ့ဘဝကိုမကြည့်ပဲငြိမ်းချမ်း
တဲ့စကားတွေပဲပြောနေတာ တွေ့ဘူးတယ်)ထားပါတော့နတ်သမီးတွေအကြောင်းကိုဆက်ပြောပမယ် နတ်ပြည်မှာကာမဂုဏ်ခံစားမူအားကလဲ နတ်သမီးလေးတွေတဘက်လေးငါးရာဆိုတဲ့အတိုင်း ပျော်စရာတွေကများနေတော့
သူတို့ပုံစံကတမျိုးဖြစ်သွားတယ်ပြောချင်တာသူ
တို့ကနတ်ဖြစ်ပင်မဲ့မိန်းမပဲ မိန်းမဆိုတော့သူတို့အယူအဆဟာလဲမိန်းမတယောက်ရဲ့အယူအဆထက်မပိုဘူး နတ်သားတွေကကော့ဘာလုပ်နေလဲဆိုတော့ နတ်သမီးတွေနဲ့ပဲ ပျော်ပါး နတ်သမီးတွေပြောသမျနားထောင်ပေါ့ နတ်သမီးတွေကစကားကလဲတက်တယ် အလုပ်ဆိုလဲသူတိုကပဲလုပ်တာများတော့ နတ်သမီးတွေကဦးဆောင်တဲ့ပုံစံမျိုးတောင်ဖြစ်
နေတယ် အပေါမှာရေးခဲ့သလိုပေါ့ ဦးဆောင်တဲ့စိတ်ရှိတာကောင်းပင်မဲ့ခုလိုပုံစံမျိုးကျတော့မဟုတ်သေးဘူးလေ (သူတို့ကအသိလွန်သွားတော့ချစ်ခြင်းမုန်းခြင်းလဲမရှိ အဲ့တော့ဘားမှမရှိတဲ့သဘောလဲဖြစ်သွားတယ် သူတို့ချစ်ခြင်းမုန်းခြင်းမရှိတာက ဥပေက္ခာတရားပုံစံလဲမဟုတ်ဘူး)
အဲ့တော့သူတို့ရဲ့အယူအဆတွေကကျွန်တော်တို့စီမရောက်အောင်သတိထားရမယ် သတိထားတယ်ဆိုတာလဲသိမှသတိထားလို့ရမှာပေါ့ ကျွန်တော်တိုကမ္ဘာရဲ့တိုးတက်မူကမလျော့ဘူးဗျ အဲ့တာကိုကျွန်တော်တို့ထားရမှာကျွန်တော်တို့စီမှာလဲချမ်းသာတဲ့သူတွေရှိတယ် အဲ့ဒါကိုသူတို့ကအားကျတယ် အဲ့ဒါလဲသိထားရမယ် နောက်သက်တမ်းကကျွန်တော်တို့ထက်သာရှည်တာ ကျန်းမာရေးကကျွန်တော်တို့လောက်မကောင်းဘူး ကောင်းအောင်လဲမနေဘူး (ကျွန်တော်အမြင်
ကိုပြောရရင်တော့ သူတို့သက်တမ်းနဲ့ပိုင်ဆိုင်မူနဲ့အယူအဆတွေ
ကြောင့်လို့ပဲပြောချင်တယ် ခင်ဗျားတို့မြင်အောင်ပြောရရင် လူသက်တမ်း ၅၀ မှာ အောင်မြင်ပြီးမှသေသွားတဲ့သူလဲရှိတယ်
မအောင်မြင်ပဲသေသွားတဲ့သူလဲရှိတယ် မအောင်မြင်ပဲသေသွားတဲ့သူကမကြိုးစားတာလဲပါတယ် ကြိုးစားရမယ်အချိန်ကုန်သွားတာပေါ့ သူတို့မှာကသေခြင်းလဲမရှိဘူး(လူလိုပြောရင်အချိန်မကုန်ပေါ့ဗျာ)ကြိုးလဲမကြိုးစားတော့ သူတို့ခံစားမူပုံစံကတမျိုးဖြစ်လာတာပေါ့ အဲ့ဒါကကိုယ့်ကိုကိုယ်သိတယ် ကျွန်တော်ပြောတဲ့အခြေအနေမျိုးကြုံဘူးသူရှိရင်နားလည်မှာပါ သူတို့ကဘယ်လိုတောင်ယူဆလဲဆို
တစ်ယောက်ကိုတစ်ယောက်စကားပြောရင်တောင် ကောင်းကောင်းပြောရင်ကောင်းမွန်တဲ့အာ
ရုံကိုခံစားရတယ် အဲ့တော့စကားပြောတာတောင်
(သူတို့အတွက်ကုန်ဆုံးတယ်လို့ယူဆတယ်)
ကျွန်တော်တို့ကအဲ့ဒါတွေသိထားရမယ် ဒါမှကိုယ့်ရဲ့အားသာချက်အားနည်းချက်တွေကိုခွဲလို့ရမှာပေါ့ ကျွန်တော်တို့မှာလဲအားနည်းချက်
တွေရှိတယ် ဒါတွေကကမ္ဘာတဘက်ခြမ်းမှာဖြစ်နေတာတွေ လူတွေမသိဘူး ဒါကကျွန်တော်တိုရဲ့အားနည်းချက်ပေါ့ သူတို့မှာကအားနည်းချက်တွေရှိပင်မဲ့အာကာသ
ကအရမ်းချမ်းသာတော့(ချမ်းသာတယ်လို့ပဲသုံး
တော့မယ်နော်) ပြန်အုပ်ပေးတယ် ပြန်အုပ်ပေးတော့မသိသာဘူးဖြစ်နေတာ အမှန်ကသူတို့မှာလဲအခက်အခဲတွေရှိတယ် image
နောက်ပြီးအာကာသကသူတို့ကိုအာဏာခွဲဝေမူစနစ်နဲ့လဲအုပ်ချုပ်ခိုင်းတယ်(ပြောရရင်ဗျာကျွန်တော်ရှေမှာရေးသလိုအဖွဲ့အစည်းတွေကလဲအများကြီးရှိတယ် အဲ့ထဲမှာမှသူတို့ကိုလဲလုပ်ပိုင်ခွင့်ပေးထားတယ်
အဲ့တောပုံစံကဘယ်လိုဖြစ်နေလဲဆိုတော့လူတိုင်းမှာအာဏာရှိနေတဲ့သဘောမျိုးဖြစ်နေတယ် ဘယ်သူတွေခံရလဲဆိုတော့(နားမလည်တဲ့သူတွေခံပေါ့) သူတို့စီမှာလဲမိဘနဲ့သားသမီးပြသာနာရှိတယ်ဗျ
ကျွန်တော်စီမှာမှမဟုတ်ဘူး အခုကမ္ဘာမှာလဲလူကြီးနဲ့
လူငယ်ပြသာနာရှိတယ် အဓိက ကလူငယ်တွေကပြောင်းလဲချင်နေပြီ ဘာလိုလဲဆိုတော့ ရှေဆက်ဖို့အတွက် လူကြီးတွေရဲ့တချို့သောအချက်တွေက ရှေဆက်ဖို့အတွက် အတားအဆီးဖြစ်နေတယ်
လူငယ်တွေက ဘာမှန်းမသိတဲ့အခြေအနေတွေကိုမလိုချင်တော့
ကိုယ် ၁၀၀ ဖိုးကြိုးစားရင် ၁၀၀ ဖိုးရရမယ် ၂၀၀ ဖိုးကြိုးစားရင် ၂၀၀ ဖိုးရရမယ် လူကြီးတွေအမြင်ကလဲ မလိုဘူးလာဆိုတော့လိုအပ်တယ် ဘာလို့လဲဆိုတော့လူကြီးဆိုတာအတွေအကြုံရှိတယ် ခေတ်တွေပြောင်းလဲလာကျတယ် အဲ့ပြောင်းလဲမူအပေါမှာချိတ်ဆက်မူတွေရှိတယ် ဒါတွေကပြောရခက်တယ်(အမြင်တွေမတူကျ
တော့)ပြောချင်တာအဲ့ကြားက "ကွာဟမူ" ကိုညိရမယ် ဘယ်လိုညိရမလဲ လူငယ်တွေ အဲ့နေရာမှာစိတ်ရှည်ရမယ် (ကျွန်တော်ပြောတာ အဲ့နေရာလို့ပြောတာနော်) စာဆက်သွားလို့ခေါင်းစဉ်တောင်ပျောက်သွားတယ် ကျွန်တော် နတ်တွေအကြောင်းပြီးတော့ ဂဠုန်တွေအကြောင်းကိုဆက်ပြောပမယ် ဂဠုန်တွေနေတဲ့နေရာရှိတယ် ဂဠုန်ပြည်ပေါ့ ဂဠုန်ဆိုတာတော့ နတ်ဖြစ်သွားတဲ့ဌက်ပေါ့ သူတို့လဲလူလိုနေချင်ရင် သူတို့စီမှာလူတွေနေတဲ့ကမ္ဘာနဲ့ပုံစံတူကမ္ဘာတခုရှိတယ် အဲ့ကမ္ဘာမှာပဲ လူတွေလိုနေထိုင်စားသောက်ကျတယ် သူတို့ကလူလိုဖန်ဆင်းပြီးနေမယ်ဆိုတော့ အရင်ဆုံးလူ့သဘာဝကိုလေ့လာတယ် (အပြောအဆို နေထိုင်ပုံကိုပေါ့) ပြီးတော့လူပုံစံအတိုင်းနေထိုင်ကျတယ် တခါတလေ လူတွေကသူတို့လောက်တောင်နေထိုင်ပုံ ပုံစံမကျဘူးလို့တောင်သူတို့စိတ်ထဲထင်ကျတဲ့သဘာဝရှိတယ် အဲ့လိုဖြစ်လို့(ဝိဇ္ဇာ တဦးကတောင် မင်းတို့အဲ့လိုမထင်နဲ့ လူလိုနေချင်လို့ လူပုံစံကူးပြီး လူတွေကိုအထင်သေးတာ မင်းတို့လဲမကောင်းဘူးလို့တောင်သွားပြောဘူးတယ်) ဂဠုန်မင်း ဆိုအဲ့ကမ္ဘာမမှာနေရင် သူအကြိုက်ဆုံးခံစားမူကတော့ ကား ကိုလူယောင်ဖန်ဆင်းလို့မောင်းတယ်ပြီးတော့ တန်ခိုးနဲ့
သူပုံစံပြန်ဖန်ဆင်းပြီး ကောင်းကင်ကိုတက်သွားတာပဲ အဲ့တော့ဘယ်လိုတွေဖြစ်လာလဲဆို သူတို့ကလူ့အသုံးအဆောင်ပစ္စည်းတွေကိုခံစားတက်လာတော့ လူတွေကိုကြည့်မရတော့ဘူး
ဒါတွေကလူတွေတီထွင်ထားတဲ့ပစ္စည်းတွေ သူတို့လဲသုံးစွဲလို့ရတယ် ဒါပင်မဲ့ in touch ဖြစ်မူပိုင်းကျတော့ကွာတာပေါ့ အဲ့တော့လူတွေကိုပေါက်ကရတွေလျောက်ပြော(ဘယ်လိုတွေပြောလဲဆို လူအသုံးအဆောင်ပစ္စည်းတွေကငါ့တို့ထက်ပို
လိုက်တယ် လူတွေကငါတို့လောက်နားမလည်ဘူး အဲ့ဒါကြောင့်လူပြည်ကိုငါတို့ဝင်မယ် စသဖြင့်ပေါ့)
အဲ့လိုပြသာနာတွေဖြစ်လာရင် ဘယ်သူတွေ ကာ လဲဆိုတော့ ကမ္ဘာစောင့်နတ်တို့ လောကပါလစောင့်နတ်တို့က ကာ တယ်
(ဆက်ပါအုန်းမည်)
image

22 upvotes $0.16

Replies (19)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: