4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Six Year Anniversary

received_349225504687538.jpeg

ဒီကာလကြီး ဒီအချိန်ကြီး ပေမယ့် ဒီအသင်း ဒီလူတွေက လုပ်သင့် လုပ်နိုင်တာကို လုပ်ပေးကြရင်း ရသေ့စိတ်ဖြေ တယောက်အမော တယောက်ဖြေ၊ တယောက်အပူ တယောက်မျှလို့ လျှောက်လှမ်း လာခဲ့တာ ဒီနှစ် အပိုင်းအခြားတွေထိ ရောက်ခဲ့ပြီ။ ချစ်ခြင်းမေတ္တာ၊ စည်းလုံးမှုတွေနဲ့ စုဖွဲ့ထားတဲ့ အသင်းကို ပြပါဆို Cygnus ကိုသာ လက်ညှိုးထိုးလိုက်။ ဒီအသင်း ဒီအစုအဖွဲ့လေးက ဒီနေ့ဆို (၆) နှစ် ရှိခဲ့ပြီ။

ပျော်စရာ အတိ ရှိနေတဲ့ အသင်း ဆိုပေမယ့် COVID 19 ကာလမှာတော့ အသင်းသား တယောက်၊ သူငယ်ချင်း တယောက်၊ အကို တယောက်၊ ညီတယောက်ကို ဆုံးရှုံးခဲ့ရသည့် ဝမ်းနည်းစရာ ကိစ္စလေးတော့ ရှိခဲ့၏။ သူ့ကို ကျနော်တို့ အမြဲ သတိရနေမှာ အသေအချာပါပင်။ သူလည်း မြင့်ရာ မြတ်ရာ ဘုံဘဝ တခုခုကနေ Cygnus အတွက် ဝမ်းသာ ပီတိ ဖြစ်နေမှာပါလေ။

မုန်းစကို တိုစေလို့ ပြောစရာမလိုအောင် ကိုယ်တွေမှာက အမုန်း စိုးစဉ်းမျှ မရှိ။ ချစ်စကို ရှည်စေလို့လည်း ပြောစရာမလိုလောက်အောင် ချစ်တတ် ခင်တတ် ကြပါဘိ။ ဒီလူတွေနဲ့ ဒီအသင်း နောင်နှစ်ပေါင်းများစွာ အတူတကွ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး တစိတ်တဝမ်းထဲ ရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါ၏။

( ၆ နှစ်တိုင်တိုင် အိမ်ကွင်း တခု ပမာအလား အတူ ရှိနေပေးခဲ့တဲ့ green field futsal ကွင်း၊ ကွင်းပိုင်ရှင် အကိုနှင့် အမ၊ ကွင်းမှာ စောင့်ပေးပြီး ကျနော်တို့ ဂျီကျသမျှ ဖြည့်ဆည်းပေးတဲ့ marker ညီလေးတွေ၊ အသင်း နှင့်ပတ်သက်ပြီး Jersey ဘာညာကို အချိန်မှီ စိတ်တိုင်းကျ ဆေးရိုက် သေချာစွာ အပြီးအစီး လုပ်ပေးပါသော DTF Studio & Bawdro Sports ၊ဒီနေ့ အတွက် တသင်းလုံးကို ခေါက်ဆွဲ၊ ကိတ်မုန့် ကျွေးမွေး ပေးပါသော အန်တီ၊ ကာကူ၊ ကိုရဲ ပြီးတော့ ... ပြီးတော့ ... မရှိ မဖြစ်၊ မချစ် မဖြစ် ကျနော်တို့ရဲ့ Cygnus အသင်းသားတွေ နောက်ထပ် ပြီးတော့ အားပေးသူ Cygnet တို့ကို ကျေးဇူး အများကြီး တင်ပါတယ်လို့ တခုတ်တရ မှတ်တမ်းတင်အပ်ပါသည် ခင်ဗျာ)

9 upvotes $0.03

Replies (2)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: