4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အချိုးနဲ့ အကွေ့

အချိုးနဲ့အ​ကွေ့


ည​တွေရဲ့ စိမ့်​​အေးမှုဟာလည်း ပါးလျှခဲ့ပြီ
နွေဟာ သက်​ပြင်းရှည်​ကြီးတစ်​ခုကိုမှုတ်​ထုတ်​လိုက်​သလို
ရောက်​ရှိလာခဲ့မယ်​တဲ့..။

လေသင့်​ရာ လွင့်​​နေတဲ့ သစ်​ရွက်​​ကြွေ​တွေလိုလား
ရာသ်ီမှားထွက်​မိတဲ့တိမ်​​တွေလိုလား
မြစ်​ဆိုတဲ့အမည်​နာမနဲ့ စီးဆင်းဖြစ်​ရတဲ့ ​ရေ​တွေလိုလား

"ပိ​တောက်​​တွေပွင့်​​တော့မယ်​.တဲ့"
"ည​မွှေးပန်း​တွေ​ရော ဟင်​"
"ဘာဆိုင်​လို့လဲကွာ.."
သံသယ​တွေတဂျစ်​ဂျစ်​နဲ့
နံရံ​တွေရဲ့ပဲ့တင်​သံ​တွေပါ..

သလိပ်​များတဲ့ ဒိုးပတ်​သံ ငါမကြားချင်​ဘူးး
ခုတ​လော တံခါး​ခေါက်​သံ​တွေအရမ်းကြားတာပဲ
အိမ်​မပြန်​တတ်​​တော့တဲ့ ငှက်​​တွေများလား

ဖြစ်​တည်​မှုဟာတစာစာနာ
တစ်​ခုခုကိုဆွဲလှန်​လိုက်​ပစ်​ဖို့တဲ့
ဒီလိုရာသ်ီမျိုးမှာမှ
ငါကလည်း စိုထိုင်းစများလွန်းလှတယ်​..။
author by@wunna
msu no.55
image

68 upvotes 7 downvotes $0.01

Replies (16)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: