Community post
ယောက်ျားတယောက် မာန

မြို့ပြတစ်မြို့ရဲ့ ရပ်ကွက်တခုမှာ နေသူ ဆိုတဲ့ ကောင်လေးတယောက်နေထိုင်ပါသည်၊ ထိုကောင်လေးသည် အိမ်ထောင်ရှိသည်။မိန်းမဖြစ်သူသည် စကားမတတ်၊ နေသူ ထက် ပိုပြီး အလုပ်ကြိုးစားသည်၊နေသူရဲ့ လစာ သည် မိန်းမဖြစ်သူလစာ ရဲ့ 10% မျှ သာ ဖြစ်သည်။နေ့စဉ်နေ့တိုင်းအဆင်ပြေပြေနေထိုင်ကြသည်၊နေသူသည် စာရေးဆရာတယောက်ဖြစ်သည်၊ဝင်ငွေ နည်းသည်၊သို့သော်နေသူ သည်သူ့ဝါသနာကို မစွန့်လွှတ်ပဲ ဆက်၍ကြိုးစားပါသည်၊တခါတလေ ရွာပွဲဇာတ်ပွဲများတွင် ပြဇာတ်အတွက် ဝင် က တတ်သည်၊ ဝင်သရုပ်ဆောင်တတ်သည်၊ အသွင်တူမှ အိမ်သူဖြစ်သည့်အလျောက် မိန်းမဖြစ်သူသည်လည်း ကရာတွင် လည်းကောင်း သရုပ်ဆောင်ရာတွင်လည်းကောင်း အလွန်ဝါသနာပါလှသည်၊
တနေ့ မိန်းမဖြစ်သူအလုပ်မှပြန်လာသည့်အခါ မိန်းမ ပင်ပင်ပန်းပန်းဖြစ်ပြီး အလုပ်မှာ ဒေါသထွက်စရာ ဖြစ်လာခဲ့သည်၊၊မောင်နေသူ က သေချာမသိ ၊ ပုံမှန်အတိုင်းဖြစ်လေသည်။အလုပ်ကိစ္စမှာ အဆင်မပြေမှု ဖြစ်ခဲ့သော ကြောင့် နေသူ့မိန်းမ အလွန်ပင် ဒေါသထွက်နေသည့်အချိန်တွင် မောင်နေသူက
" မိန်းမ ဒီနေ့တော့ ဆိုင်သွားစားရအောင် "
ဟု မိန်းမဖြစ်သူအား ပြောဆိုခဲ့သည်။မိန်းမ ဖြစ်သူက ဒေါသထွက်ကာ
" ဘာမှမစားချင်ဘူး၊ ဘယ်မှလဲမသွားချင်ဘူး၊ ဘာမှလာမပြောနဲ့ အလိုလိုမှ ဒေါသထွက်နေတာ ၊...အလုပ်ကလည်း အဆင်မပြေဘူး "
နေသူက မိန်းမ ပိုက်ဆံကုန်မည်ကိုစိုးရိမ်နေသည်ဟု တလွဲတွေးကာ
"မိန်းမဆိုင်ထိုင်တာ အာ့ဒီလောက်မကုန်ပါဘူး ကွ ၊ လာပါ သွားရအောင် "
မိန်းမ မှာ ဒေါသဖြစ်ကာ
" ရှင် ရတဲ့ လခ က ကျမ ဖိနပ်တရံ ဖိုးတောင် မရှိဘူး ”
ပြောဆိုလိုက်သည်၊
မောင်နေသူတယောက် အင်မတန် ဒေါသ ထွက်သွားလေပြီ၊
နေသူက
' မင်း မင်း မင်း ဒီစကားပြောတာ မှတ်ထား၊ ငါ့လခက မင်းဖိနပ်ဖိုးလောက်တောင်မရှိဘူး မင်းပြောတဲ့အာ့စကား မှတ်ထား ၊
မင်းနဲ့ငါ မပေါင်းနိုင်ဘူး ၊ မင်းစကားမင်းသေချာမှတ်ထားပါ၊ ငါတို့ကွာရှင်းကြမယ် ”
.jpeg)
မိန်းမဖြစ်သူသည်ကား ဒေါသကြောင့်သာ ပြောမိလိုက်ရာ အမှန်စင်စစ် စိတ်ရင်းမှာ ဘာသဘောမှမပါပေ၊သို့ပေမယ့် မောင်နေသူရဲ့ ယောက်ျားမာနကို သွားနှိုးဆွ လိုက်သလိုပင် ဖြစ်လေပြီ၊ဒီလိုဖြစ်သွားသည်ကို နေသူ့မိန်းမသိကာ နောင်တရပြီး မကွာရှင်းပေးခဲ့ပေ၊ သို့သော်
မောင်နေသူ စိတ်အရမ်းထိခိုက်ပြီး အလွန်စိတ်ပျက်သွားခဲ့သည်၊ မိန်းမနဲ့ တွေ့မယ့်လမ်း ရှောင်ကွင်းသွားခဲ့သည်၊ မောင်နေသူ့အဆောင် ကိုလိုက်လာခဲ့သော မိန်းမ ကို မမြင်ရအောင် အဆောင် နောက်ဖေးမှ ထွက်သွားခဲ့သည်၊ ဤကဲ့သို့ပင် အလွန်စိတ်ပျက် သွားသော မောင်နေသူသည် မာနကို မလျော့တော့ပဲ
မိန်းမကို ရှောင်ဖယ်နေတော့သည်၊ မိန်းမကလဲ အရမ်းချစ်ရတဲ့အိမ်ထောင်ရေးဖြစ်သည့်အလျောက် နောင်တရကာ
မရရအောင် ရှာ ၊ ပြန်လက်တွဲဖို့အတွက် ကြိုးစားသည့်အတွက် နေသူ့မိန်းမ တနေ့တခြား နှလုံးရောဂါ စွဲကပ်လေပြီ၊ မောင်နေသူသည်လည်း မိမိမာနကိုထိပါး စော်ကားခဲ့သောကြောင့် မာနကို မလျော့ချကာ
ဒီတိုင်း ဆက်လျှောက်နေလေသည်၊
အမှန်စင်စစ်သည် မောင်နေသူသည် ဆရာဝန်တယောက်ဖြစ်ပေသည်၊ အင်မတန်သဘောကောင်းသူဖြစ်သည်၊ ဝါသနာမှာ စာရေးသူဖြစ်လို့ စာမူခ နဲ့ပဲ ကျေနပ်နေခဲ့သူဖြစ်ပါသည်
ဒီတော့ နောက်ပိုင်း ဘယ်လိုဆက်ဖြစ်မလဲဆိုတာ နောက်တပိုင်းမှာ ဖတ်ကြည့်လိုက်ရအောင်....... 😁

နေအုန်း မေးခွန်းလေး ဖြေသွားပေး
သင်သာဆိုရင်
မောင်နေသူကို ဘယ်လိုဖြစ်စေချင်မလဲ
Written by yairthiha
Credit to Google Images
MSC 003
Replies (32)
ရေးထားတာ ကောင်းတယ်။ပြန်ပေါင်းမယ်ထင်တယ်။
good good
ဖတ်ရတာဆက်တစ်ငံ့ငံ့
အားပေးနေပါတယ်
ပြန်ပေါင်းမယ်ထင်တယ်လား
မေးထားတဲ့ မေးခွန်းတောင် မဖြေခဲ့ဘူး .......
ဟီးဟီး အာ့လို ဆွဲထားရတယ်
ကျေးဇူးပါဗျ
ကောင်မလေး သေသွားမယ်ထင်တယ်
အာပေနေပါတယ် ။
နေအုံး ဖြေသွားပေးဆိုလို့ လာဖြေရပါဒေ။ လူဆိုတာဒေါသထွက်ချိန်ကြရှေ့နောက်မစဉ်းစားပဲနိုင်ရပြီးရောပြောတတ်တော့အမှားပါတတ်တာထုံးစံပါ။ ကိုယ့်မိသားစုချင်းချင်းတခါတလေအပြောမှားတာလောက်တော့ မာနကြီးထားမနေပါနက် လို့....
ဟားဟား သူပြောတဲ့စကားက ကြည့်အုန်းလေနော် မမရယ်
သေသွားသင့်တယ်
အားပေးတယ်တော့ ပြည့်ပြည့်စုံစုံလေး ရေးပါဗျာ ....အခုတော့ ငိငိ
ကောင်မလေးစိတ်ခံစားချက်ပြင်းထန်ပြီး သေသွားနိုင်ပါတယ်.....
ကုန်ဈေးနှုန်းဒေတက်လွန်းတော့ သူလည်းပြောမိပြောရာပြောလက်တာနေမာပါကွယ်။ ရန်သူဒေလဲ မုဖဲနက်
ယောကျာ်းဆိုရင်ယောက်ျားမာနတော့ရှိရမှာပေါ့။
မာနကလေးတွေလျော့ချပြီး ဆက်ဆံနိုင်ရင်အကောင်းဆုံးပါ
အားပေးခဲ့ပါတယ်
နောက် တွေ့ရင်ဖြေမယ်ကွာ
အားပေးနေပါတယ် bro
နင် ဘယ်တုန်းက အပိုင်းတွေ ရေးတတ်သွားတာလဲ မျှော် ဆိုတာ ကောင်မလေး စီက အဖြေတောင်းတာတောင် စောင့်ရတာ ကြာတယ်ထင်နေတာနော်
Hoke
ဒါပဲလေ
Thanks U
တစ်ခါတစ်ခါ မာနထားတာလည်းကောင်းတယ်။သည်းခံတာလည်းကောင်းတယ်
Kyay Zuu
တကယ်ကြီးပေါ့ ...
haha, i'm interesting
မျှဝေပေးတာ ကျေးဇူးပါပဲ
power downပြီးရင် 4steem လောက် ပြန်ပေးပါအုံး
4Sbd ပေးထားတဲ့ အစား
Congratulations @yairthiha! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Do not miss the last post from @steemitboard:
Vote for @Steemitboard as a witness to get one more award and increased upvotes!