4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Couple

ချစ်သူကကိုယ့်ကို ဘယ်ပုံစံပွေ့ဖက်တတ်လဲ
image
သမီးရည်းစားရယ်လို့ ဖြစ်လာရင် အချင်းချင်းတစ်ယောက်နဲ့တစ်ယောက် လက်ကလေးတွေထိမယ် နူးနူးညံ့ညံ့လေး ပွေ့ဖက်တာတွေက ချစ်သူတွေမှာရှိတတ်တဲ့ ရင်းနှီးမှုတစ်မျိုးပါ။

ကိုယ့်ချစ်သူက ကိုယ့်အပေါ်ကို ဘယ်လိုပုံစံနေအထားမျိုးနဲ့ ပွေ့ဖက်တတ်မလဲ။ မတူညီတဲ့ ပွေ့ဖက်ခြင်း ပုံစံတွေက ချစ်သူနှစ်ဦးရဲ့ အချစ်ရေးအပေါ်မှာထားတဲ့ သဘောထားတွေကို မြင်သာစေနိုင်ပါတယ်တဲ့။

(၁) နောက်ကနေပွေ့ဖက်တာ

ဒီလိုနောက်ကနေပွေ့ဖက်ရတာ သဘောကျတဲ့ချစ်သူကို ပိုင်ဆိုင်ထားပြီဆိုရင်တော့ သူ့ရဲ့စိတ်သဘောထားက ကိုယ့်အပေါ်မှာ အပြည့်အဝကာကွယ်ပေးချင်တဲ့ သဘောရှိပါတယ်တဲ့။ ဖြစ်လာမယ့် အန္တရာယ်မှန်သမျှကို သူက ရင်ဆိုင်ဖြေရှင်းကာကွယ်သွားမယ့် သဘောဖြစ်ပါတယ်။

(၂) ခါးကိုဖက်တာ

ခါးကိုဖက်တတ်တဲ့အကျင့်ရှိတဲ့ ချစ်သူကတော့ သူရဲ့အချစ်ခရီးလမ်းမှာ ဒီချစ်သူနဲ့တွေ့ဆုံရတာကို သဘောကျ နှစ်သက်တဲ့ စိတ်ရှိသူပါ။ သူက ကလေးတစ်ယောက်လို ဆိုးနွဲ့လိုစိတ်ရှိပြီး အနည်းငယ်တော့ စိတ်ကစားတတ်ပါတယ်။

(၃) ပုခုံးပေါ်မှီပြီးပွေ့ဖက်တာ

ဒီလိုပုံစံပွေ့ဖက်တာကတော့ များသောအားဖြင့် ဘော်ဒါအချင်းချင်းပွေ့ဖက်တဲ့ပုံစံဖြစ်ပါတယ်။ ဒီလိုချစ်သူမျိုးကတော့ သိပ်ပြီး ရိုမဆန်တတ်တဲ့ချစ်သူမျိုးပါ။

(၄) အကြည့်ချင်းဆုံပြီးပွေ့ဖက်တာ

ဒီလိုပွေ့ဖက်တတ်တဲ့ ချစ်သူမျိုးကတော့ ညို့အားကောင်းတဲ့သူလို့ ပြောနိုင်ပါတယ်။ အချစ်နဲ့ပတ်သက်တဲ့ သူ့ရင်ထဲက ခံစားချက်ကတော့ သိပ်ကိုနူးညံ့လွန်းပါတယ်။ ချစ်သူကို တန်ဖိုးထားတတ်ပြီး နက်ရှိုင်းတဲ့ ခံစားမှုမျိုး ရှိတတ်သူပါ။

(၅) တင်းတင်းကြပ်ကြပ်ပွေ့ဖက်တာ

ကိုယ့်ချစ်သူကို လုံးဝလက်လွှတ်မခံနိုင်သလိုမျိုး တင်းတင်းကြပ်ကြပ်ပွေ့ဖက်တတ်တဲ့ ချစ်သူဆိုရင်တော့ ကိုယ့်အနားမှာ အမြဲတမ်းရှိနေမယ့်ချစ်သူမျိုးဖြစ်ပါတယ်။ ဘယ်လိုအခက်အခဲတွေကြုံကြုံ အနားကနေနှစ်သိမ့်ပြီး ဂရုစိုက်မယ့်ချစ်သူမျိုးဖြစ်ပါတယ်။

MSU..033
Written..@yehtetaung
Ref..Wow.com

45 upvotes $0.01

Replies (2)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: