4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Single

စင်ဂယ်လေးတွေ ရှိတ်...

လူ့ဘဝဆိုတာ သိပ်ကိုတိုတောင်းလှတဲ့ အချိန်စက်ဝန်းလေးတစ်ခုပါ။

အခြားသူတစ်ယောက်အတွက်နဲ့ စိတ်ပူပန်၊ ဂရုစိုက်ပြီး အရိပ်တကြည့်ကြည့် နေမယ့်အစား တစ်ယောက်တည်း စင်ဂယ်ဘဝနဲ့ လွတ်လပ်စွာ ကမ္ဘာကြီးမှာ ကိုယ့် စိတ်ကြိုက် အမြင့်ဆုံးရောက်အောင် ပျံသန်းနိုင်ပါတယ်။

စင်ဂယ်လေးတွေရဲ့ ဘဝက ဘယ်လောက်တောင် ပျော်စရာကောင်းလဲဆိုတာ ဒီအချက်လေးတွေက သက်သေပြနေပါတယ်။

(၁) စင်ဂယ်တစ်ယောက်ဆိုရင် စိတ်ကူးထဲက ကိုယ်သွားချင်တဲ့ခရီးတွေကို ခွင့်ပြုချက်တောင်းနေစရာမလိုဘဲ ပေါ့ပေါ့ပါးပါးသွားလာနိုင်တယ်။ ဘာအနှောင်အဖွဲ့မှမရှိတာမို့ လွတ်လွတ်လပ်လပ်နဲ့ ခရီးတွေသွားပြီး ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို ဖန်တီးနိုင်တယ်။ RS ရှိတဲ့သူတွေလို ခွင့်တောင်းနေစရာမလိုတော့ အာရုံနောက်သက်သာတာပေါ့။

(၂) အခြားသူတွေနဲ့ ပြောဆိုဆက်ဆံတာ၊ ပရောပရည်လုပ်တာကအစ စင်ဂယ်ဖြစ်တဲ့အတွက် အနှောင်အဖွဲ့ ကင်းကင်းနဲ့ လွတ်လွတ် လပ်လပ်ပြောဆိုဆက်ဆံနိုင်တယ်။ ကိုယ်ကလူတွေနဲ့ ပရောပရည်လုပ်ရတာ ကြိုက်တဲ့ စရိုက်ဆိုရင်တော့ စင်ဂယ်ဖြစ်နေတာအကောင်းဆုံးပါ။

(၃) ကိုယ့်အချိန်ကိုယ်ပဲပိုင်တယ်။ ကိုယ်ပိုင်အားလပ်ချိန်လေးတွေမှာလည်း ကိုယ်ဝါသနာပါတဲ့အရာတွေ လုပ်နိုင်တာကြောင့် စိတ်ချမ်းသာရမှာပါ။ ကိုယ့်အားလပ်ချိန်ကို သူများအတွက်ဖဲ့ပေးစရာမလိုတော့ ပျော်စရာတွေ ဖန်တီးဖို့ အချိန်ပိုရနိုင်ပါတယ်။

(၄) စင်ဂယ်တွေညဘက်အိပ်စက်တဲ့အခါ နားပူနားဆာလုပ်မယ့်သူမရှိလို့ စိတ်အေးလက်အေးနဲ့ အေးအေးချမ်းချမ်း အိပ်စက်နိုင်ပါတယ်။

(၅) ကိုယ်ခင်ရတဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေကို စိတ်ကြိုက်လွတ်လပ်စွာ ပြောဆိုဆက်ဆံနိုင်ပါတယ်။ ကိုယ်တွေ့ချင် ဆုံချင်တဲ့သူနဲ့လည်း ကြိုက်တဲ့အချိန် ချိန်းပြီး လျှောက်သွား၊ လျှောက်စားနိုင်ပါတယ်။

(၆) ဆုံးဖြတ်ချက် အရာရာတိုင်းက စင်ဂယ်လေးတွေအတွက်တော့ အားလုံးက ကိုယ့်သဘောနဲ့ကိုယ်ပါ။ ကိုယ်ကြိုက်ရင်လုပ် မကြိုက်ရင်ငြင်းပိုင်ခွင့်ရှိတဲ့ ဘဝလေးမို့ သိပ်ကိုသာယာပါတယ်။
image
Written..@yehtetaung

29 upvotes $0.03

Replies (7)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: