4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Weather

မိုးရွာတဲ့နေ့
image
အားလပ်ရက်မိုးဖွဲဖွဲလေးကျနေချိန်၊ဒါမှမဟုတ်မိုးပြင်းတဲ့နေ့တွေမှာအပြင်မထွက်ပဲအိမ်မှာနေရင်းဘာ
တွေကိုလုပ်ဖြစ်လဲ။ ဒီရာသီဥတုကတော့ အသက်အရွယ်အပိုင်းအခြားများ အပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် ခံစားမှုများကလည်း တူညီမှာ မဟုတ်ပါဘူး။

ငယ်ရွယ်စဉ်ကတော့ “မိုးရွာရင် မိုးရေချိုးမယ်၊ မေမေလာရင် နို့စို့မယ်၊ ဖေဖေလာရင် အုန်းသီးခွဲစားမယ်” သီချင်းလေးကတော့ လိုက်ဖက်လှပါတယ်။ မိုးရွာရင် ငယ်ငယ်တုန်းကတော့ ကလေးအလျှောက် မိုးရေထဲ ဘောလုံးကစားခြင်း၊ ခုန်ပေါက် ပြေးလွှားဆော့ကစားခြင်းများကို ခုံမင်တတ်ခဲ့ကြတာပဲ မဟုတ်လား။

ဒါပေမယ့် အသက်အရွယ်ကြီးရင့်လာတဲ့ အခါမှာတော့ ခံစားမှုများကတော့ မတူတော့ဘဲ တစ်မျိုးပြောင်းလဲ ကြတာပဲ မဟုတ်လား။ မိုးလေးဖွဲတုန်း နေ့မျိုးမှာတော့ ကော်ဖီတစ်ခွက်နဲ့ စာအုပ်ကတော့ အလိုက်ဖက်ဆုံးလို့ မြင်မိပါတယ်။ စာအုပ်ဖတ်ရတာကို ကြိုက်နှစ်သက်သူရှိသလို ကော်ဖီတစ်ခွက်နဲ့ မိုးကျနေတဲ့ မြင်ကွင်းကို ခံစားပုံဖော်ရင်း အတွေးကမ္ဘာထဲ လည်ပတ်နေသူများကလည်း အများအပြားရှိကြစမြဲပါ။

ဒါ့အပြင် မိုးရွာတဲ့ နေတွေမှာ အိပ်ရာထဲ ကွေးရင်း ဗီဒီယို ဇာတ်လမ်းလေးတွေ ကြည့်နေရတာကို လည်း သဘောကျလှတယ်မဟုတ်လား။ ရုပ်ရှင် ချစ်သူတို့အဖို့တော့ ဒီလိုရာသီဥတုတွေမှာ ဇာတ်လမ်းလေးကြည့်ရင်း ဖီးလ်လို့တော့ ကောင်းမှာ အသေအချာပါပဲ။

စိတ်ဖိစီးနေမှုတွေ ခံစားနေရသူအဖို့တော့ ဒီလိုအချိန်မျိုးမှာ နားကြပ်တပ် သီးချင်းနားထောင်ရင်း သီချင်းတွေ အော်ဆိုလို့ ကောင်းနေမှာလည်း ဖြစ်ပြီး စိတ်ပေါ့ပါးစေမှာလည်း ဖြစ်ပါတယ်။ မိုးလေးဖွဲဖွဲနဲ့ မိုးသည်းထန်စွာ ရွာသွန်းနေချိန်ကိုတော့ သဘောကျနှစ်သက်မိပြီး ဒီလို အချိန်မျိုးမှာ ကော်ဖီတစ်ခွက်၊ စာအုပ်တစ်အုပ်နဲ့ ဖြတ်သန်းရတာကတော့ ဘဝမှာ ကျေနပ်အားအရဆုံးလို့ ဆိုရမှာလည်း ဖြစ်ပါတယ်။ကျနော်ကတော့ Myanmar လေးနဲ့ဖြတ်သန်းဖြစ်တယ်ဗျ..အကိုတို့ကရော..???

MSU..033
Photo..Google

39 upvotes $0.01

Replies (6)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: