4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ကျွန်တော်သိတဲ့ အချစ်

အချစ်ဆိုတာက အဖြူ ရောင်ပါ

လူတိုင်းက အချစ်ဆိုတဲ့အရာကို ကိုယ့်အတ္တအတိုင်း

အရောင်ဆိုးလိုက်ကြတယ်။



အရောင်ဆိုးမှူ များလာတော့ လိုအင်ဆန္ဒတွေ မပြည့်ဝတိုင်း

ပူလောင်မှူတွေကလည်း ဆတိုး တိုးလာတော့တယ်။



အချစ်ဆိုတာ နားလည်မှူပါ

အချစ်ဆိုတာ ဖြည့်ဆည်း ပေးခြင်းပါ

အချစ်ဆိုတာ အနစ်နာခံခြင်းပါ

အချစ်ဆိုတာ ငြိမ်းအေးခြင်းပါ

အချစ်ဆိုတာ ပိုင်ဆိုင်ရခြင်း မရခြင်းထက် ကိုယ်ချစ်ရသူ

ပျော်ရွှင်ရခြင်းက အဓိကပါ

အချစ်ဆိုတာ သစ္စာစောင့်သိခြင်းပါ

အချစ်ဆိုတာ ကိုယ်ချင်းစာကြင်နာခြင်းပါ။



ကိုယ့်စိတ်လိုအင်ဆန္ဒတွေအတွက် အခြားသူကို အသုံးချဖို့

ချစ်တာက အချစ်မဟုတ်ပါဘူး "အတ္တ"ပါ။



အချစ်စစ်မှန်ရင် "အတ္တ"မကင်းဘူးလို့ပြောကြတယ်

လက်ခံပါတယ်

အဲ့ အတ္တက ကိုယ့်အတွက် "ငါအတ္တ "မဟုတ်ဘူး

သူ့အတွက် သူ့အကျိုးအတွက် အတ္တ ပဲဖြစ်သင့်တယ်။



အချစ်ဆိုတာက တကယ်ချစ်တတ်လာပီဆိုရင်

နှစ်ဦးစလုံး ပျော်ရွှင်မှူတွေ လွှမ်းခြုံလာပါလိမ့်မယ်

ကျွန်တော်သိတဲ့ အချစ်က ငါအတ္တ မဟုတ်ဘူး

"သူ့"အတွက် ဆိုတာချည်းပါပဲ။

9 upvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: