4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

မျက်​နှာဖုံး

#လူတွေရဲ့ မျက်နှာဖုံးတွေနောက်ကို သင်ကြည့်ဖူးပါသလား ?

အလွန်အံ့သြစရာကောင်းသော အရာများ ကိုယ်စီရှိကြသည်

#လူရှေ့တွင်အလှမကြိုက်ဘူးတွင်တွင်
ပြောသောလူတစ်ယောက်က အလွန်အလှကြိုက်သူ ဖြစ်နေတတ်သည်

#လူရှေ့တွင် ဘုရားတရား အလွန်လုပ်သော သူတစ်ယောက်စိတ်တွင် မနာလို ၀န်တိုစိတ်များ ကိန်းအောင်းနေသူဖြစ်နေတတ်သည်

#လူရှေ့တွင် ပေးကမ်းစွန့်ကြဲ မှုကို
ကျယ်ကျယ်လောင်လောင်လုပ်နေသူများတွင် ကျော်ကြားလိုစိတ်များပါနေတတ်သည်

#လူရှေ့တွင် စေတနာ အရမ်းထက်သန်သူတစ်ယောက်သည် ကပ်စီးအလွန်နဲသူဖြစ်နေတတ်သည်

#လူရှေ့တွင် အရိုးခံနှင့်ဖြူစင်ပြနေတတ်သူသည် ကောက်ကျစ်ယုတ်မာသူဖြစ်နေတတ်သည်

#လူရှေ့တွင် မေတ္တာ တရား တွင်တွင်ပြောတတ်သူသည် အမုန်းတရားနှင့်ပြည့်နေသူဖြစ်တတ်သည်

#လူရှေ့တွင် ရိုးရိုးသားသားနေတတ်သူသည် မကောင်းမှုများနှင့်မွေ့လျော်သူဖြစ်နေတတ်သည်

#လူရှေ့တွင်သစ္စာရေသောက်ပြသူသည် သစ္စာဖောက်သူတစ်ယောက်ဖြစ်နေတတ်သည်

#သတိထားပါ မိတ်ဆွေ ကိုယ့်ဒူးကိုယ်တောင်မယုံပါနှင့်

#သင့်မျက်နှာဖုံးနောက်ကွယ်က
သင့်ကိုယ်သင် ဘယ်လိုလူလဲအရင်ကြည့်ပါ
သူတစ်ပါးကို အပြစ်တင်မစောပါနှင့်
ကိုယ်ကိုယ်တိုင် အပြစ်တွေက
လွတ်အောင်သာ အရင်ကြိုးစားကြပါစို့ ...1501256438848.jpg

7 upvotes $0.00

Replies (4)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: