4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ကြွက်သေတစ်ခုအရင်းပြု၍

ဒီpost လေးရေးခြင်းအတွက် ဆရာတော် အရှင် ဥာဏိဿရ ဆရာတော်ကြီးအား ရှိခိုးပူဇော်ပါသည်။ဆရာတော်ကြီးဟော ကြားတော်မူသော ကြွက်သေတစ်ခုအရင်းပြု တရားတော်အား MSC မှ လူငယ်များ စိတ်ဓါတ်မြှင့်တင်မှု ရစေရန် ရည်ရွယ်၍ ရေးသားလိုက်ပါသည်။

Presentation1-149.jpg
Credit original Image Source

မိဘတွေကစောစောစီးစီးသေ။ဆွေမျိုးတွေက၀ိုင်းပြီးပစ်ပယ်ခံထားရတဲ့သူတစ်ယောက်။ဘာအလုပ်မှမယ်မယ်ရာရာမရှိသောသူ။အဲ့ဒီ့လူက တစ်ခုသောနံနက်ခင်းမှာ ဝေလီဝေလင်းအချိန်ကြီး အမှိုက်ပုံထဲမွှေနှောက် အမှိုက်ကောက်နေတယ်။ကောက်လို့ရတဲ့အမှိုက်တွေထဲက မလိုတာတွေကို မီးရှို့ပေါ့။သူအသုံးတည့်မယ်ထင်တာလေးတွေ စားကြွင်းစားကျန်လေးတွေ ရွေးကောက်ပေါ့။ဒီအမှိုက်တွေထဲမှာ ကြွက်သေတစ်ကောင်ပါလာတယ်။ ဒါလေးကင်စားမယ်ပေါ့ ညစာ။ဒါနဲ့ကျန်တာတွေမလိုတာတွေကို မီးရှို့နေတုန်း ဘေးနားကနေ နက္ခတ်တာရာ အထူးကျွမ်းကျင်တဲ့သူတစ်ယောက် ဖြတ်လျှောက်သွားတယ်။ထုလူက ဘယ်လိုစိတ်ကူးပေါက်တယ်မသိဘူး အားနေတာနဲ့ အချိန်အခါနဲ့ကိုက်လို့ထင်ပါရဲ့။သူနဲ့ဘေးနားက ကြွက်သေတစ်ကောင်ကိုကြည့်ပြီး

"အင်း ဒီလူတော့ ဒီကြွက်သေကို အရင်းပြုပြီး စီးပွားရှာရင် သူဌေးဖြစ်လာမှာပါလား။စနစ်တကျနဲ့ စည်းပွားရှာရင် ကြီးပွားလာမှာပဲ။ဒီနေ့ နက္ခတ်ကသူ့အတွက်တအားကောင်းနေပါ့လား"လို့ ဆင်းရဲသားကြားလောက်အောင်အသံနဲ့ သူ့ဟာသူပြောတဲ့အခါမှာ...

ဒီစကားကို အမှိုက်ကောက်တဲ့သူ က ကြားတော့ ထိုလူပြန်သွားတဲ့အခါမှာ ကြွက်သေကိုစားဖို့မလုပ်တော့ဘူး။ကိုင်ပြီးတော့ လျှောက်သွားနေတယ်။ဘာလုပ်ရမှန်းလည်းသူမသိ။ပညာကမတတ်လေတော့ စဉ်းစားလို့ကမရ။ဟိုလူပြောသွားတာလည်း တကယ်ဖြစ်မယ့်ပုံ။ဒါနဲ့သူလမ်းလျှောက်လာရင်းနဲ့ ညောင်းလာတော့ တစ်ခုသောလမ်းဘေးမှာ ထိုင်နေတယ်။

သူထိုင်နားနေတုန်း အသက်(၇၀)တစ်ယောက်နဲ့ (၇၅) နှစ်လောက် အဖွားအိုနှစ်ယောက် ကြောင်လေးပိုက်ပြီးတော့ သူ့ရှေ့ကိုဖြတ်လျှောက်ရင်း သူ့ကိုတွေ့တော့ရပ်လိုက်တယ်။အဖွားအို အငယ်က

FB_IMG_1521901184888-752x440.jpg
Credit original Image Source

"မမရေ သူ့ကြွက်လေးဝယ်ရင်မကောင်းဘူးလား။ကြောင်လေးတွေအတွက်စားစရာမရှိတာနဲ့အတော်ပဲ။ဒီနေ့ဟင်းလည်းမချက်နိုင်တော့ ဒါလေးကြွေးလိုက်မယ်လေ။အိမ်မှာလည်း ကြွက်တွေကမရှိတော့ဘူး ကြောင်တွေစားတာနဲ့ကုန်ပြီ"

ဒီအဖွားအိုနှစ်ယောက်က သားသမီးမရှိ။ညီအမများဖြစ်ကြလေတယ်။ချမ်းသာကြတယ်။ကြောင်တွေကိုသားသမီးလိုချစ်နေကြရှာတဲ့အဖွားအိုနှစ်ယောက်။ဒီနေ့အလှူသွားနေတာထမင်းဟင်း မချက်ရသေးတာနဲ့ ဒီကြွက်လေးကိုဝယ်ဖို့ညီမဖြစ်တဲ့သူကအစ်မကိုပြောနေခြင်းပေ။ထိုအခါ အမဖြစ်သူက

"မောင်ရင်လေး ဒီကြွက်လေးအဖွားတို့ကိုရောင်းပေးပါလားကွယ်။"

"ဈေးတည့်ရင်တော့ရောင်းပါ့မယ်အဖွား။မတည့်ရင်တော့ ညစာလုပ်မလို့ပါခင်ဗျာ"

"အဲ့ဒါဆို ဘယ်လောက်လည်းပြောပါ အဖွားတို့ဝယ်ပါ့မယ်"

"ရွှေစအနည်းငယ်ရရင် ရာင်းပါ့မယ်ခင်ဗျာ။"

ဒါနဲ့ဈေးတည့်သွားတယ် အဖွားတွေက ကြွက်ကိုဝယ်ကြောင်လေးကျွေး။သူကရွှေတစ်ပဲသားရသွားလေရဲ့။ဒါနဲ့ပဲ သူအကြံရတယ် ကြွက်ချစ်တဲ့အဖွားကြီးတွေကို ကြွက်တွေလာသွင်းရင်းနဲ့ ရွှေတစ်ပဲသားလေးစုမိလာရော။ဒါနဲ့ လမ်းသွားရင်းနဲ့ ဟိုလျှောက်မေးဒီလျှောက်မေး သတင်းလေးဘာလေး။ဒီနေရာနဲ့ (၁၆)မိုင်လောက်ဝေးတဲ့နေရာမှာ ရေတွေပြတ်လပ်နေလို့ ရေသောက်စရာမရှိဘူးကြားတော့ သူအကြံရတယ်။ဒီနေရာကရေပေါတယ်။ဒါနဲ့ သူ့ရွှေတစ်ပဲသားကိုပွားဖို့ကျန်တယ်ဗျ။

သတိထားပါနော်။ကျွန်တော်တို့လိုမျိုး ရတာကိုမသုံးဘူး။ပွားဖို့ကြံစည်ပါတယ်။

zz.jpg
Credit original Image Source

ဒီနေရာက အထမ်းသမားတွေငှား ရေရှားတဲ့နေရာကို ရေတွေသယ်ဖို့လုပ်တယ်။ ရေကတော့ အလ
ကားရတဲ့တွင်းကနေခပ်ပေါ့။ဒါနဲ့ဟိုဘက်လဲအဆင်ပြေ သူလဲငွေတွေတော်တော်လေးစုမိသွားတယ်။တစ်နေ့တော့ ထိုနေရာမှာပြီးတော့ မြို့တစ်မြို့ဆီသူသွားတယ်ဗျ။သူမြို့ကိုရောက်တဲ့ရက်မှာပဲ လေပြင်းမုန်တိုင်းတွေတိုက်လာတော့ ဘုရင့်ပန်းခြံကြီးထဲမှာ သစ်ပင်တွေကကျိုး သစ်ခက်သစ်ရွက်တွေနဲ့ ရှုပ်ပွနေရော။ဒီမှာတင် ဥယျဉ်မှူးက ဘုရင်လာတော့မှာမို့ ပြာယာခတ်။ရှိတဲ့သူနဲ့ရှင်းဖို့ကမလောက်တော့ ကြွက်သေရောင်းတဲ့သူက အကြံရပြီး ပန်းခြံထဲဝင်သွားတယ်။

"ကျွန်တော်ဒီဟာကို ကူညီဖြေရှင်းပေးပါ့မယ်"

ဆိုပြီးပြောတော့ ဥယျာဉ်မှူးကြီးလည်း ၀မ်းသာလို့မဆုံးဘူး။ကူညီပေးပါပေါ့။ဒါနဲ့အကွက်ေစ့တဲ့ ကြွက်ရောင်းသမားကဘာလုပ်လဲဆိုရင် ဘာမှလဲမကုတ်အောင် သူ့ငွေစနည်းနည်းလေးရင်းပြီးတော့ အနီးနားက ရွာတွေ ထဲမှာရှိတဲ့ကလေးတွေကို အကုန်ခေါ်တယ်။ကလေးနှစ်ရာကျော်လောက်စုမိတယ်။ပြီးတော့ မုန့်တွေ အ၀ကျွေးမယ် ကြိုက်သလောက်စား ဒီအမှိုက်တွေရှင်းပြီးရင်ကျွေးမယ်ဆိုတော့ ကလေးတွေကအများကြီး လုပ်ကူလိုက်ကြတာခနလေးနဲ့ရှင်းသွားတယ်။ပြီးတော့ဥယျာဉ်ထဲမှာ ပန်းအိုးတွေနေရာရွှေ့ခိုင်းပြီးတော့ အလှတွေဆင်ခိုင်းလိုက်တာဗျာ ကလေးတွေကို။ဥယျဉ်ကြီးက တအားကိုလှနေရော။ပြီးတော့သူကဘာလုပ်တယ်ထင်လဲဗျာ။သစ်ပင်တွေသစ်ကိုင်းတွေကို စုပုံပြီးတော့ ထင်းအဖြစ်လိုက်ရောင်းခိုင်းလိုက်တယ် ကလေးတွေကို တစ်ဝက်ပေးမယ်ဈေးနဲ့ပေါ့။ကလေးတွေကလည်းရွာထဲကဆင်းရဲလေတော့ အပင်တွေကိုခုတ်ဖြတ်ပြီးတော့ လိုက်ရောင်းပေးကြတာဗျာ။သူကထိုင်နေရုံနဲ့အလကားရတယ် ငွေတစ်ဝက်။ဒါနဲ့ဘုရင်ကြီးလာတော့ သူ့ဥယျဉ်ကြီး လေပြင်းမုန်တိုင်းတိုက်နေတဲ့ကြားထဲကနေ အရမ်းလှပလွန်းတော့ ဥယျဉ်မှူးကိုချီးကျူးတော်မူတယ်။ဘုရင်ကြီးက ဥယျာဥင်္မှူးကို ဆုတော်အဿပြာ သုံးသိန်းချီးမြှင့်တယ်။ဆုတော်ငွေထဲက သုံးပုံတစ်ပုံကို ဥယျဉ်မှူးက ကြွက်သေရောင်းတဲ့သူကို ကျေးဇူးတင်လွန်းလို့ ပြန်စွန့်ကြဲတယ်။အပြန်အလှန်ပေါ့နော်။သူ့ကျေးဇူး ကိုယ့်ကျေးဇူးကြည့်တာပေါ့။တို့တွေလဲအဲ့လို သူ့ကျေးဇူးကိုယ့်ကျေးဇူးကြည့်ကြဖို့လိုတယ်နော်။

images.png
Credit original Image Source

ဒီလိုနဲ့ ငွေအဿပြာ အမြောက်များနဲ့ရွှေတိုရွှေစတွေ စုမိလာတယ်။ကြွက်သေတစ်ခုအရင်းပြုပြီးတော့နော်။ကျွန်တော်တို့အဖွဲ့လဲ စိတ်ဓါတ်ပြင်းထန်နေဖို့လိုတယ်။စိတ်ဓါတ်မကျနဲ့နော်။စိတ်ဓါတ်ကျပြီဆိုရင်တော့ ပျော်စရာတွေကိုသာရှာကြံပြီးနေကြပါနော်။မိမိစိတ်ဓါတ်ဟာ တစ်ခုခုလုပ်နေရင်ဖြတ်လတ်တတ်ကြွဖို့လိုတယ်။ငွေအဿပြာတွေများလာတဲ့ ကြွက်သေရောင်းတဲ့သူဟာ မရပ်သေးဘူးနော်ဒါနဲ့။စုထားတာကိုပွားနေဖို့ကြံဆနေတယ်အချိန်တိုင်း။မုန်တိုင်းအတိုက်ခံထားရတဲ့မြို့ဆိုတော့ စားစရာတွေပြတ်လပ်နေတယ်။ဒါနဲ့ မြို့ကို ကုန်သည်တွေကလာကြတယ်ပေါ့။စားသောက်စရာတွေရောင်းဖို့ လှည်းအစီးငါးရာ နဲ့ လှေအစီးငါးရာ ထွက်လာတယ်ကြားတော့ မြန်မြန်ဆန်ဆန်ပဲ သူကမြို့တော်ဝန်ဆီသွားတယ်။လှည်းတွေ၊ လှေတွေ ကအများကြီးဆိုတော့ မြို့တော်ဝန်ကိုလာဘ်သွားထိုးတယ်ဗျ။ဘာလုပ်မှာလည်းဆိုတော့ သူကနေရာရောင်းစားမှာ။လှည်းငါးရာနဲ့ လှေငါးရာ ရပ်ဖို့အတွက်နေရာနှစ်နေရာပေးပါ မြေကွက်ကျယ်ကျယ်လေးပေါ့။မြို့တော်ဝန်ကို ပတ္တမြားလက်စွပ်ကောင်းကောင်းလေး တစ်ကွင်းပေးတယ်။လာဘ်မြင်ချက်နော်ဗျာ။ပြီးတော့ နှစ်ဦးနှစ်ဘက် အဆင်ပြေအောင် မြို့တော်ဝန်ဘာမှလုပ်စရာမလိုပဲနဲ့ လှည်းတစ်စီးစီကိုအခွန်ကောက်ပေးမယ်ပြောလေတော့ မြို့တော်ဝန်လဲသူ့တံဆိပ်ပေးလိုက်ပြီးတော့ ခေတ္တအမိန့်သုံးခွင့်ပေးလိုက်တယ်။မြို့ကိုလှည်းတွေ ၊ လှေတွေ ရာက်တော့ သူကတားထားတယ်။မြို့ထဲမ၀င်ဖို့။

与成功的钥匙-43040631.jpg
Credit original Image Source

မြို့တော်ဝန်ရဲ့လူယုံသဘောမျိုးဖြစ်နေပြီကိုး။တံဆိပ်လဲပါတော့ သူ့အမိန့်ကိုနာခံကြတယ်။ဒါနဲ့ လှည်းတစ်စီး တစ်ထောင်ကောက်တယ်။လှေတစ်စင်းတစ်ထောင်စီကောက်တယ်။နည်းနည်းလေးစီပေးရတာ လှည်းသမားလှေသမားတွေအတွက် ဘာမှမဖြစ်ပေမယ့် သူကတော့ သိန်းတစ်ထောင်ရသွားလေရဲ့။မြို့တော်ဝန်ကို သိန်းနှစ်ရာပေးတော့ တယ်တော်ပါ့လားဆိုပြီးတော့ သူ့ကိုချီးကျူးနေလေရဲ့။သူက လေနဲ့ ပတ္တမြားလက်စွပ် တစ်ကွင်းရင်းပြီးတော့ သိန်းရှစ်ရာရတာနော်။မြို့တော်ဝန်ကလဲဘာမှလုပ်စရာမလိုဘူးဆိုတော့သဘောကျတာပေါ့။ဒါနဲ့အားလုံးရောင်းပြီးပြန်သွားတော့ သူ့မှာတော်တော်ချမ်းသာနေပြီ။သူက ပညာမတတ်ဘူးနော်။ဒီငွေတွေ ၊ ရွှေတွေ ပိုက်ပြီးတော့ သူပြန်သွားတယ်သူ့တဲစုတ်ကို။ပစ္စည်းတွေကိုဖွက်ထားပြီးတော့ သူဘာဆက်လုပ်ရမလည်းစဥ်းစားနေတုန်း သူ့တဲရှေ့ကနေ လွန်ခဲ့တဲ့ဆယ်နှစ်လောက်က သူ့ကိုဟောသွားတဲ့ ဆရာက ဖြတ်လျှောက်သွားတာကိုသူတွေ့တော့ နောက်ကနေလိုက်တယ်။

"ဗျိုးးး..ဆရာကြီးးးးးနက္ခတ်ဆရာကြီး"

သူလှမ်းခေါ်တော့ ဆရာကြီးကလှည့်ကြည့်တယ်။ဒါနဲ့ဖြစ်ကြောင်းကုန်စင်ပြောပြတော့ သူ့ကိုအိမ်ခေါ်သွားတယ်။ဒါနဲ့ ငွေအဿပြာတွေ၊ ရွှေတွေယူပြီးတော့ဆရာကြီးနောက်ကိုလိုက်သွားတယ်။ဆရာကြီးအိမ်ကိုရောက်တော့ ငွေထုပ်၊ ရွှေထုပ်တွေကို ဆရာကြီးရှေ့ချပြီး.....

AAEAAQAAAAAAAAT-AAAAJDY0NzczM2M1LTczOGQtNGRiYS1iOWNjLTkwMDhlOGM0YzljOA.jpg
Credit original Image Source

"ဆရာကြီးရဲ့ကျေးဇူးကြောင့် ကျွန်တော်မျိုး ဒီလိုချမ်းသာလာတာ ကျွန်တော်ရတာတွေက ဆရာကြီးကြောင့်ပါ ကျွန်တော့်ချမ်းသာမှုကိုယူပါ..ဆရာကြီးကိုကျေးဇူးဆပ်ပါတယ်"

လို့ပြောတဲ့အခါမှာဆရာကြီးက ငါမယူပါဘူး မင်းတော်လို့ရတာပါလို့ဆိုပြီးတော့..သူ့မိန်းမကိုခေါ်တိုင်ပင်လိုက်တယ်။

"ရှင်မရေ ..ဒီလောက်စီမံချက်ကောင်းတဲ့ ဒီလိုလူမျိုး။စီမံချက်ကောင်းတဲ့သူ ၊ ၀ိရိယရှိတဲ့သူ ၊ သတိရှိတဲ့သူ ၊ စည်းကမ်းလိုက်နာတဲ့သူ ၊ ကျေးဇူးသိတဲ့သူ ၊ ယဉ်ကျေးတဲ့သူမျိုးကို တို့လက်မလွှတ်သင့်ဘူး။တို့သမီးလည်းအရွယ်ရောက်နေပြီ ဒီသူငယ်နဲ့ပေးစားကြရအောင်လားဆိုတော့ သူ့မိန်းမကလည်း သဘောတူတယ်။ဒါနဲ့ ဆင်းရဲသား၊ ကြွက်သေတစ်ခုအရင်းပြုပြီးချမ်းသာလာတဲ့သူက သူဌေးသမီး၊ ဆရနက္ခတ်ဆရာကြီးရဲ့သမီးလေးနဲ့ အိမ်ထောင်ကျသွားလေတယ်။

uhnsvvdxhj.jpg
Credit original Image Source

ဒီကနေဘာတွေသင်ခန်းစာယူရမလည်းဆိုတော့ ငွေအရင်းအနှီးမရှိဘူးဆိုပြီးထိုင်ငြီးမနေကြပါနဲ့။မိမိအားလဲစိုက်ထုတ်ကြပါ။ဥာဏ်ကိုလွှာသုံးကြပါ။လူတစ်ယောက်ဟာခေါင်းတစ်ခုံးစီပဲပါတာပါ။ဘယ်သူမှခေါင်းအပိုမပါပါဘူး။ဒီခေါင်းထဲက ဥာဏ်တွေးပုံခြင်းပဲကွာသွားကြတာပါ။အခွင့်အရေးရလာရင် ပိုင်နိုင်စွာအသုံးချဖို့လည်းလိုပါတယ်။အခွင့်ရေးက နှစ်မျိုးရှိပါတယ်။ကိုယ်တိုင်ဖန်တီးတဲ့အခွင့်အရေးရယ် အလိုလိုရောက်လာတဲ့အခွင့်အရေးရယ်။ဥပမာပြရရင် ကြွက်သေရတုန်းက သူကိုယ်တိုင်ဘာလုပ်ရမှန်းမသိလို့ နက္ခတ်ဆရာကြီးက သူကြားလောက်အောင်ပြောပြီးအခွင့်အရေးပေးခဲ့တာပါ။ဒါကအလိုလိုရတဲ့အခွင့်အရေးပါ။နောက်ပိုင်းသူလုပ်ဆောင်ပြီးရလာတဲ့အခွင့်အရေးတွေကတော့ သူကိုယ်တိုင်ဖန်တီးပြီးရအောင်လုပ်တဲ့ အခွင့်အရေးတွေပါပဲဗျာ။ကျေးဇူးသိတတ်ဖို့လည်းလိုတယ်ဗျာ။ကျေးဇူးရှင်ကို မပြစ်မှားကြပါနဲ့။ပြန်ဆပ်ရမယ်နော်။ဇွဲရှိဖို့လည်းလိုပါ့မယ်။မပျင်းမရိနေဖို့လည်းလိုပါမယ်။အတွေးရတာနဲ့ချက်ချင်းထလုပ်တဲ့သူ့ရဲ့စိတ်ဓါတ်ကိုလည်းအတုယူသင့်ပါတယ်။ကျွန်တော်တို့အဖွဲ့အစည်းလည်း ဒါလေးကိုနမူနာယူပြီးတော့ ကြိုးစားကြရအောင်လားဗျာ။အားလုံးပဲ အောင်မြင်မှုဆီသို့ သွားကြပါစို့...........။

Untitled-1 copy.jpg

စာဖတ်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
ချစ်လှစွာဖြင့်....

Author - @zarmanizawlinn
MSC 210
Naypyitaw.
Myanmar.
6/14/2018.
8:50Pm.
Thank you visit to my blog.Good Luck all steemit friends.
IMG_20160726_223306.jpg

46 upvotes $0.05

Replies (16)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: