Community post
စိတ်ပူနေတာလေးတွေလျော့မှဘာ
မင်းမရှိလည်း
ကမ္ဘာကြီးကလည်ပတ်နေမှာပဲ
ရာသီ တွေလည်း သူ့နေသားတကျ
ရွေ့လျားနေမှာပဲ
မင်းမရှိလည်း လူတစ်ချို့က အဆင်ပြေနေကြမှာပဲ
မရှိခဏ တမ်းတ ကြတုန်း
မင်းထက် ပိုကောင်းပေ့ဆိုတဲ့
အရာတွေနဲ့တွေ့ရင် မင်းဆိုတာ
သတင်းစာ တစ်စောင်ရဲ့
နာရေး ကြော်ငြာ တစ်ပိုဒ်စာပဲ
ပြီးနောက် နောက်အပတ်စဉ်မှာတော့
ဘယ်သူမှ မင်းကို အမှတ်မရနေကြဘူး......
မင်းကိုလိုအပ်ပါတယ် ဆိုတဲ့သူတွေကလည်း
မင်းမရှိရင် သူတို့လိုအပ်ချက်တွေရနိုင်မဲ့
နေရာ တစ်ခုဆီကိုရွေ့လျားသွားကြမှာပဲ
မင်း ရှိတုန်းတော့ သူတို့ရနိုင်သမျှကို
ကုန်စင်အောင် ယူသောက်သုံးကျမှာပဲ
သစ်ပင်တစ်ပင်လိုပေါ့
အသီးချိုရင် အသီးရာသီမှာ မင်းဆီရောက်လာမယ်
အပွင့်လှရင် အပွင့်ပွင့်ချိန်ကိုစောင့်ကြမယ်
အမြစ်ပါချိုရင် မင်းကိုအမြစ်ပါလှန်ဖို့
စောင့်နေကြမှာပဲ
မင်း သေဆုံးသွားတဲ့တစ်နေ့
မသီးမပွင့်တော့တဲ့ တစ်နေ့
နောက်တစ်ပင် ကိုကူးပြောင်းသွားမဲ့
ငှက်တွေပဲပေါ့ ......
မင်း ကိုတန်ဖိုးထားပါတယ်ဆိုတဲ့လူတွေလည်း
မင်း နေရာမှာ တစ်ခြားတစ်ယောက်ရောက်လာရင်
မင်းဟာ သူတို့ရဲ့ တစ်ချိန်က တစ်နေရာစာလေးပဲ
ကျန်ခဲ့မယ့် ပါးစပ် သမိုင်းပဲဖြစ်သွားမှာပဲ
မင်းရှိတုန်းကသာ မင်းကို
အတိုင်းအတာတစ်ခုလောက်ပဲ
ပြုံးပြနှုတ်ဆက်ပြတာ မင်းမရှိတော့တဲ့
တစ်နေ့ မင်းကောင်းခဲ့သမျှတွေဆယ်ခုထဲမှာ
မကောင်းတာ တစ်ခုရှိရင်အဲ့ဒီ အရာကို
ပုံကြီးချဲပြီးပြောကြအုံးမှာပဲ
ကြော်ငြာ ဆိုင်းဘုတ် တွေလိုပေါ့
နောက်ကြော်ငြာ ခေတ်ထရင်
အလိုလို ဖြုတ် ချပြီး ဟောင်းနွမ်း
ဇတ်သွင်းပစ်လိုက်ကြတာပဲ ......
ဒီအတွက် မင်းလည်းဘာမှ
စိတ်ပူမနေနဲ့ မင်းမရှိလည်း
သူ့နေရာနဲ့သူအဆင်ပြေနေကြတာပဲ
ဒါတွေကိုမင်းသိဖို့လိုတယ်.....
ကိုယ့်အဖို့ပဲစိတ်ပူပါ...

Replies (6)
Done vote&follow @pockerlay
Done vote&follow @nyinyiaung
Thnaks bro
Thanks bro
done
Thanks