4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အရက်နဲ့လူ

https://steemitimages.com/DQmQuVUbc1pWcwWygYkggXh2qSXHqAhQQxXqrwWvBDXScyb/FB_IMG_1518957000473.jpg
အရက်
အရက်ဆိုတာ မကောင်းတဲ့အရာတစ်ခုလို့ လူအများကပြောဆိုကြပါတယ်
အရက်ဆိုတာ တစ်ကယ်တော့ ဆေးတစ်မျိုးပါ
ဆေးဖြစ်ဝါးဖြစ် သောက်သုံးရင်တော့ ဆေး
အလွန်အကျွံသောက်သုံးရင်တော့ ဘေးဖြစ်တာပေါ့
ကျွန်တော်ကတော့ နှစ်မျိုးပါတယ်
အရက်ကိုမကောင်းမြင်တဲ့အထဲမှာတော့မပါဘူး
ကျွန်တော် အရင်ကအရက်ကို အနံ့တောင်မခံနိုင်ဘူးဗျ
ခုလက်ရှိအချိန်နဲ့ကတော့ ဆန့်ကျင်ဘက်ပဲ
ဆန့်ကျင်ဘက်ဆိုလို့ အရက်သမားကြီးလို့လည်းထင်မနေကြပါနဲ့အုံးနော်
ဆေးဖြစ်ပါ တစ်ခါလေ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကြုံရင်တော့လွန်သွားတက်တယ်
အရက်သောက်တာတောင် သောက်ပုံသောက်နည်းချင်းမတူဘူးနော်
တစ်ချို့ကြတော့ မူးချင်လို့တဲ့
တစ်ချို့ကြတော့ စိတ်ညစ်လို့တဲ့
တသ်ချို့ကြတော့ အသည်းကွဲလို့တဲ့
တစ်ချို့ကြတော့ ပျော်လို့သောက်တာတဲ့
တစ်ချို့ကြ ပြန်တော့လည်း ကျန်းမာရေးကြောင့်တဲ့
အဒီလိုပြောကြတာပဲဗျ
ကျွန်တော်ကတော့ မူးချင်လို့ စိတ်ညစ်လို့ အသည်းကွဲလို့ ပြောပြီးသောက်တဲ့သူတွေကိုတော့ အရက်မသောက်စေချင်ဘူး
မူးချင်တာများ တိုင်တစ်တိုင်ပတ်ပြေးလည်းမူးပါတယ်ဗျ
စိတ်ညစ်လို့သောက်တယ် ပြောတဲ့လူကြပြန်တော့လည်း
ထားပါတော့ စိတ်ညစ်လို့ အရက်သောက်တယ် အရက်သောက်တော့ကော အဲဒီစိတ်ညစ်စရာတွေကို အရက်ကရှင်းပေးမှာလား
စိတ်ညစ်လို့ရှိရင်လည်း စိတ်ညစ်စေတဲ့အကြောင်းအရာကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာပဲ စဉ်းစားစေချင်ပါတယ်
ကျွန်တော် ကိုယ်တိုင်ကျတော့ အရက်ကို ဆေးဖြစ်ဝါးဖြစ်သောက်တယ် တစ်ခါတစ်လေလူဆုံရင်သောက်တယ်
ဆေးဖြစ်ဝါးဖြစ်သောက်တဲ့နေရာမှာ လူကြီးတွေအတွက်ပိုအဆင်ပြေပါတယ်
အရက်မူးလို့ရှိရင် လူစိတ်ပျောက်တယ်ဆိုတာကိုလက်ခံပါသလား
ကျွန်တော်ကတော့ လက်မခံဘူးဗျ
ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် လမ်းကိုမလျှောက်နိုင်အောင်အထိ သောက်ဘူးလို့ပါပဲ
အဲဒီအချိန်တုန်းကဆို ကျွန်တော်အတော်မူးနေတာ
ဒါပေမဲ့ အိမ်ကိုပြန်ရောက်ခါနီးလေ သတိထားလေပဲ
ဘာလို့လဲဆိုတော့ မိဘတွေသိမှာဆိုးရိမ်လို့ပါပဲ
အရက်သောက်လို့ လူ့စိတ်ပျောက်တယ်ဆိုရင် ကျွန်တော်ဘယ်သတိရပါမလဲပေါ့ အရက်သောက်တာမိဘတွေ မကြိုက်တဲ့အရာဆိုတာကိုပေါ့
လူတစ်ယောက် အရက်မူးလာတယ်ဆိုပါတော့ အဲဒီအရက်မူးလာတဲ့လူကို အသားစိမ်းစားခိုင်းကြည့်ပါလား
ဒါမှမဟုတ် ကိုယ်ကိုကိုယ် ဓါးနဲ့ခုတ်ခိုင်းကြည့်ပါလား
လောင်းရဲပါတယ်အဲဒီအရက်မူးလာတဲ့လူ မလုပ်ရဲစေရပါဘူး
ဘာလို့လဲ အဒီအရက်မူးနေတဲ့လူမှာ လူ့စိတ်မပျောက်သေးလို့ပါပဲ
အရက်သောက်တာကို ကြိုက်တဲ့ ကျွန်တော်တောင် အရက်ကို ဆေးဖြစ်ဝါးဖြစ်လောက်ပဲ သောက်ပါတယ်
ခင်ဗျားတို့အားလုံးကိုလည်း ဘယ်လောက်ပဲ အရက်ကို ကြိုက်ကြိုက် ဆေးဖြစ်ဝါးဖြစ်ပဲသောက်သုံးစေချင်ပါတယ်
အရက်မှာဆိုးကျိုးတွေရှိသလို ကောင်းကျိုးတွေလည်းရှိပါတယ်
အဓိက ကတော့ ကိုယ်က အရက်ရဲ့ကောင်းကျိုးကိုပဲ သုံးဆွဲမိဖို့ပဲလိုအပ်ပါတယ်
အရက်သောက်တဲ့လူတိုင်းဟာလည်း လူဆိုးလူရိုင်းများမဟုတ်ကြပါဘူး
အမှားရှိရင်ခွင့်လွှတ်ပေးပါရန် မေတ္တာရပ်ခံပါတယ်
Written by @zawmyotun
MSC 250
Credit photo from google

51 upvotes $0.56

Replies (26)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: