4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ကျွန်တော်နဲ့တက်တူး

ကျွန်တော်ပြောချင်တာကတက်တူးအကြောင်းပဲဖြစ်ပါတယ်
ကျွန်တော်တက်တူးထိုးတာကို အရမ်းဝါသနာပါတဲ့ လူငယ်တစ်ယောက်ပါ
ကျွန်တော်မိဘတွေကတော့ တက်တူးထိုးခြင်းကို လူမိုက်တွေလုပ်ရပ်တစ်ခုဟုပင် သက်မှတ်ထားကြတယ်
အဲဒီမှာစတွေ့တာပဲ
တက်တူးထိုးတာကိုဝါသနာ အရမ်းပါတဲ့ကျွန်တော်နှင့်တက်တူးထိုးတာကို မကြိုက်တဲ့ကျွန်တော်မိဘနှစ်ပါးတွေ့တောတာပဲ
မှတ်မှတ်ရရကျွန်တော် ပထမဆုံးထိုးတဲ့တက်တူးက hero ဆိုတဲ့အင်္ဂလိပ်စာသားလေးကို ကျွန်တော်ညာဘက်လက်မှစထိုးတာပေါ့ဗျာ
ထိုးဖြစ်သွားတာကတော့ဒီလိုဗျ
ကျွန်တော်အလုပ်စဝင်ပြီး၅ရက်မြောက်နေ့မှာပေါ့
အလုပ်အတူတူဝင်တဲ့ သူငယ်ချင်းတစ်ယောက်က သားကြီးငါ တက်တူးသွားထိုးမလို့ အဖေါ်လိုက်ခဲ့ပေးပါဆိုလို့ လိုက်သွားခဲ့တာပေါ့
နဂိုကတည်းက တက်တူးထိုးတာအရမ်းဝါသနာပါတဲ့ကျွန်တော်
ကျွန်တော်သူငယ်ချင်းတက်တူးထိုးတာမြင်တော့ ဘယ်လိုမှမနေနိုင်တော့ဘူး တက်တူးထိုးချင်တဲ့ စိတ်ကိုတားမရတော့ဘူးလေ
မိဘတွေစကားကိုလည်း သတိရမိပါသေးတယ် ဒါပေမဲ့ တက်တူးထိုးခြင်တဲ့စိတ်ကိုတားမရဘူးဗျာ အဲဒါနဲ့ပဲကျွန်တော်ထိုးဖြစ်ခဲ့တယ်
အကို ကျွန်တော်ကို heroဆိုတဲ့စာသားလေး ထိုးချင်တယ်အကိုဆိုပြီးထိုးဖြစ်ခဲ့တယ်

https://steemitimages.com/DQmdkJVXxRRAQyjfF7mVDQkhu8neXKjQsSj1NoyxvEcAQWy/IMG_20180213_090016.jpg

အဲဒီheroဆိုတဲ့ စာသားလေးထိုးတဲ့ ညမှာပဲ အဆောင်မှာအိပ်နေရင်း ကင်းထိုးခံခဲ့ရတယ်
အမှတ်တရပေါ့ဗျာ မိဘစကားနားမထောင်လို့ ဖြစ်တာပဲနေမှာပေါ့
အလုပ်ကလူအများ ပြောစရာလေးတစ်ခုပေါ့ဗျာ
သင်္ကြန်ရုံး ပိတ်ရက်တွေရောက်တော့မိဘတွေရှိတဲ့ အညာမြေကို ကျွန်တော်ပြန်ခဲ့ရပြန်တယ်
အိမ်ကိုညဘက်မှရောက်တာ
မနက်မိုးလင်းတာနဲ့ ကျွန်တော်မိဘနှစ်ပါးကို ကျွန်တော်အလုပ်လုပ်ပြီးရလာတဲ့ ငွေ၅သိန်းကတော့ဖြစ်တယ်
အဲဒီအချိန်မှာပဲ အမေကကျွန်တော်လက်ကို သတိထားမိသွားတယ်ဗျ
အဲဒီမှာ ပြဿနာတက်တော့တာပဲ
နင်လက်က ဘာလဲပြစမ်းဆိုပြီး ပြောတော့တာပဲ
အမေဒေါသ တော်တော်ထွက်သွားတယ်ဗျ
အဖေကလည်းဒေါသထွက်နေတယ်
အမေက ကျွန်တော်ကို ဆုံးမဖို့လုပ်တယ်
အဖေကတော့တားတယ် လူငယ်သဘာဝအရ အတက်စမ်းတာပါကွာ လိဲု့အမေကိုပြောတယ်
အမေက ကျွန်တော်ကိုအဲဒီနေ့က ထမင်းမကျွေးဘူးဗျ
မိဘနှစ်ပါး ဘယ်လောက်ပဲ ပြောပြော ကျွန်တော်ကျေနပ်ခဲ့တယ်ဗျ
ဘာကြောင့်လဲဆိုတော့ ကျွန်တော်လုပ်ချင်တဲ့အရာကို လုပ်လိုက်ရလို့ပါပဲ
ဒုတိယထိုးတဲ့ တက်တူးကတော့ satan နတ်ဆိုးတဲ့စာသားလေးဗျ
ပထမထိုးထားတဲ့စာသားလေးရဲ့ အောက်မှာပဲ ဆက်ထိုးပြစ်ခဲ့တယ်
satanထိုးတဲ့နေ့မှပဲ ကျွန်တော်ပြဿနာ အကြီးကြီး ဖြစ်ခဲ့တယ်
လူငယ်သဘာဝ ရန်ပွဲပဲပေါ့ဗျ
ကျွန်တော်တိုနဲ့ ရန်ဖြစ်တဲ့အခြား လူငယ်အဖွဲ့ကတစ်ယောက်ကို ကျွန်တော် တုတ်နဲ့ခေါင်းကိုရိုက်ခွဲမိခဲ့တယ်
satanနတ်ဆိုး ဆိုတဲ့စာသားက စီးသွားတာလားတော့မသိဘူး
ရဲစခန်းထိကို ရောက်ခဲ့ရတယ်
မွေးကတည်းက ရဲစခန်းမပြောနဲ့ ရပ်ကွက်ရုံးတဲ့မရောက်ဘူးတဲ့ကျွန်တော် satanဆိုတဲ့တက်တူးထိုးပြီးမှ ရဲစခန်းရောက်ခဲ့ရပြန်တယ်
ကျွန်တော်တက်တူး တစ်ခါထိုးတိုင်းတစ်ခါအမှတ်ရစရာလေးတွေ ရှိခဲ့တယ်ဗျ

https://steemitimages.com/DQmWqxb4rVcexCvxAbyUWzdibttgCbRVbFxW4p1XA4yHoWh/IMG_20180213_090950.jpg

အဲဒီတက်တူးထိုးပြီး သင်္ကြန်ပိတ်ရက် အိမ်ပြန်ချိန်ရောက်လာခဲ့ရပြန်တယ်
အိမ်ပြန်လည်းရောက်ရုံပဲ ရှိသေးတယ်
ညီတော်မောင်က တမ်းတွေ့တာပဲ ဟာကိုကြီးထက် ထိုးလာပြန်ပြီလားအမေတို့သိရင် ပြဿနာတက်အုံးမယ်
မကြာပါဘူး ကျွန်တော်မိဘတွေသိ သွားတယ်
သိတဲ့နေ့မှာပဲ အဖေကကျွန်တော်ကို မင်းတော်တော် မိဘစကားကိုနားထောင်တယ်
အမေကတော့ ပြောနေစရာကိုမလိုဘူး တမ်းပြီးဆုံးမတော့တာပဲ
ကျွန်တော် တစ်ခုကံကောင်းသွားတယ်ဗျ
အဖေနဲ့အမေဆုံးမနေတုန်း ကျွန်တော်ဦးလေး ကျွန်တော်အမေအကို ရောက်လာပြီး ဝင်တားသွားတယ်ဗျ
တော်သေးတယ်ဗျ ဦးလေးသာရောက်မလာခဲ့ရင် ကျွန်တော်ဘဝကတော့မတွေးရဲစရာ ဘဲ
သင်္ကြပိတ်ရက် ပြည့်လို့ရုံးပြန်ရောက်ပြီး မကြာပါဘူးနောက်ထက်တက်တူးထိုးဖို့ဖြစ်လာပြန်တယ်
သားကြီးငါတက်တူးထိုးချင်လို့ ငါ့ကိုတက်တူးဆိုင်လိုက်ပို့ ပေးပါလားလို့အလုပ်ကသူငယ်ချင်းက ပြောလာပြန်တယ်
ဝါသနာပါတဲ့ကျွန်တော် လိုက်ပို့မိတာပေါ့ဆိုင်လည်းရောတော့ သူငယ်ချင်းတက်တူးထိုးနေတဲ့အချိန်မှာပေါ့ဗျ
ကျွန်တော်ပုံလေးတစ်ပုံကို အရမ်းကြိုက်သွားတယ်ဗျ
အဲဒါနဲ့ပဲ ကျွန်တော်တက်တူးထက်ထိုးမိပြန်တယ်

https://steemitimages.com/DQmedAeLpUS6eQzjYhwqardJvLC1v3oXDwCRiXfmRRngFrK/IMG_20180213_090409.jpg
အဒီပုံလေးပေါ့ဗျာ
အဲဒီတက်တူးထိုးပြီး နောက်နေ့ရုံးလည်းရောက်တော့ သူငယ်ချင်းတွေကဝိုင်းပြောကြတယ်ဗျ
ကဲဒီတစ်ခါကော ဘာထက်ဖြစ်အုံးမလဲပေါ့
ဟာသတစ်ခုလို ဖြစ်နေတော့တယ်
နေ့လယ် အလုပ်ချိန်မှာ ကျွန်တော်အလုပ်လုပ်ရင်း လက်ထိမိသွားပြန်တယ်ဗျ
ပြောစမှတ်တွင်သွားတာပေါ့ဗျာ
ဟာမင်းအရိုးခေါင်းက သွေးစာနေတယ်ဟလို့ပြောစရာဖြစ်ရပြန်တယ်ဗျ
အဲဒီလိုနဲ့ပဲ သင်္ကြန်ရုံးပိတ်ရက် ရောက်လာပြန်တယ်
ကျွန်တော်အိမ်ပြန်ရမှညကိုတောင်ကြောက်နေမိတယ်
တစ်နှစ်မှာတစ်ခါပဲပြန်ရတာမို့ ပြန်ဖြစ်ခဲ့တာပေါ့
ဒီတခါတော့ မိဘတွေ မမြင်မိအောင်ဆိုပြီး လက်ရှည်အင်္ကျီ ပဲဝတ်တာပေါ့ ပထမတစ်ရက်တော့မိဘတွေသတိမထားမိဘူး
နောက်နေ့လည်းရောက်တော့ ကျွန်တော်ဘောလုံးကန်ကပြန်လာတော့မှ သိသွားကြတယ်
ဘာပြောကောင်းမလဲဗျာ သိသိချင်းဒေါသကြီးတဲ့ကျွန်တော်အမေက ကျွန်တော်ကို အိမ်ပေါ်ကနေ နှင်ချတော့တာပဲ
ဒါပေမဲ့ကျွန်တော်ကလည်း လူလည်ပဲလေဘယ်ရမလဲ ဦးလေးအိမ်သွားနေတာပေါ့
ဘာလိုလဲဆိုရင် ကျွန်တော်မိဘတွေက ဦးလေးစကားကို မလွန်ဆန်ရဲကြဘူးလေ
ဦးလေးကို ကျွန်တော်ချွဲပြတာပေါ့
မကြာပါဘူးဦးလေးက အိမ်ကိုပြန်လိုက်ပို့တယ်ဗျ
အဲ ဦးလေးကျေးဇူးကြောင့် ကျွန်တော်အိမ်ပေါ်ပြန်ရောက်ခဲ့တာပေါ့ဗျ
ဒါပေမဲ့ ကတိတစ်ခုပေးလိုက်ရတယ်ဗျ နောက်နောင် တက်တူးထက်မထိုးတော့ပါဘူးဆိုတဲ့ ကတိပေါ့ဗျ
အဲဒီလိုမျိုးဗျ ဘယ်လောက်ပဲပြဿနာတက်တက် တက်တူးထိုးတာကို ဝါသနာပါတဲ့ကျွန်တော် တက်တူးကိုမရရအောင်ထိုးဖြစ်ခဲ့တာပေါ့
တက်တူးကိုအရမ်းကြိုက်တဲ့ ကျွန်တော်
မိဘနဲ့ဦးလေးကိုကတိပေးထားတာကြောင့်အဲဒီတက်တူး ၃ခုထိုးပြီးနောက်ဆက်မထိုးဖြစ်ခဲ့သေးတာဒီနေ့အထိပေါ့ဗျာ
အမှားပါရင် ခွင့်လွှတ်ပေးကြပါရန် မေတ္တာရပ်ခံပါတယ်
Written by @zawmyotun
MSC 250

55 upvotes $0.63

Replies (48)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: