4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

🌺အမှောင်ပျောက်၍ အလင်းရောက်ပါစေ🌺

အခြေအနေတစ်ခုကြောင့် …
မတိုက်ဆိုင်လို့ လမ်းခွဲသွားကြရင်
ဝမ်းနည်းစရာ မလိုသလို
ပြန်ပြီးလည်း မမျှော်လင့်ပါနဲ့။

ရေစက်ရှိလို့ ဆုံခဲ့ကြပြီး
ကံကုန်ရင် လမ်းခွဲကြရမယ် …
ကံမကုန်သေးရင်
ပြန်ဆုံတွေ့ဖြစ်ကြမယ်။

ဘဝရဲ့လှည့်ကွက်တွေအောက်မှာ
တစ်ယောက်နဲ့ တစ်ယောက်
မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ကြပြီး
မျှော်လင့်မထားတဲ့ ကံကြမ္မာမုန်တိုင်း
ဖန်တီးလာပြီဆိုရင် ထင်မှတ်မထားတဲ့
အခြေအနေတွေကြောင့်လည်း
တစ်ယောက်နဲ့ တစ်ယောက်
ဝေးကွာသွားကြရတာပါပဲ။

တစ်ကယ်တမ်းကျတော့ …
ရေစက်ရှိလို့ ဆုံတာထက်
တစ်ယောက်ကို တစ်ယောက်
ဝဋ်ကြွေးဆပ်ဖို့ ဆုံဖြစ်ခဲ့ကြတာပါ။

အနားမှ ထွက်ခွါသွားသူကို
ကျေးဇူးတင်လိုက်ပါ …
သူကြောင့် ဝဋ်ဒုက္ခမှ
လွတ်ကင်းသွားလို့ပါ။

ဘဝဆိုတာ …?
ကိုယ်က ချစ်နေပြန်တော့လည်း
တစ်ဖက်သားက
မုန်းနေပြန်တတ်တယ်။

ကိုယ်က မုန်းနေပြန်တော့လည်း
တစ်ဖက်သားက
ချစ်နေပြန်တတ်တယ်။

ချစ်ခြင်းမုန်းခြင်းတွေအောက်မှာ
သိပ်ပြီးတော့လည်း
လိုက်ခံစားမနေပါနဲ့
တွေ့ကြဆုံကြ ခဏလေးပါ။

နေရတဲ့အချိန်လေးမှာ
ကိုယ့်ကြောင့်လည်း
သူတစ်ပါး စိတ်မဆင်းရဲစေနဲ့
သူတစ်ပါကြောင့်လည်း
ကိုယ့်ကိုယ်ကို စိတ်ညစ်မခံပါနဲ့။

ကိုယ့်ကိုယ်ကို အေးချမ်းစွာနေရင်း
ဘဝလမ်းခရီးကို
အကောင်းမြင်တတ်တဲ့ မျက်လုံး
စာနာတတ်တဲ့ နှလုံးသား
ကူညီတတ်တဲ့ လက်တစ်စုံနဲ့
လျှောက်လှမ်းကြပါ။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

🌺အမှောင်ပျောက်၍ အလင်းရောက်ပါစေ။🌺

FB_IMG_1516062272229.jpg

5 upvotes $0.00

Replies (3)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: