4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အချိန်ပိုကို ဘယ်လို သုံးသလဲ

FB_IMG_1520351792146.jpg

🕔🕔 အချိန်ပိုကို ဘယ်လို သုံးသလဲ။ 🕔🕔
🔝🔝 အဲဒါကို ကြည့်ပြီး ဒီလူဟာ 🔝🔝
🌠🌠 ဘယ်လိုလူ ဖြစ်လာမလဲဆိုတာ
ပြောနိုင်ပါတယ် 🌠🌠

အချိန်ပိုဆိုတာ ဘာကို ခေါ်တာလဲ။
တကယ်တော့ အချိန်ပိုဆိုတာ မရှိပါဘူး။
အခကြေးငွေ ရတဲ့အလုပ်ကို လုပ်နေတဲ့အချိန်
မဟုတ်တာကို အချိန်ပိုလို့ ခေါ်တယ်။
ကျောင်းသားကျောင်းသူဆိုရင် ကျောင်းတက်နေတဲ့
အချိန် မဟုတ်တဲ့အချိန်ကို အချိန်ပိုလို့ ခေါ်တယ်။

တကယ်တော့ အချိန်က ပိုနေတာ မဟုတ်ပါဘူး။
မလုပ်မနေရ လုပ်ရမယ့် အလုပ် မရှိတဲ့အချိန်၊
ကိုယ်လုပ်ချင်တာကို ကိုယ့်သဘောနဲ့ ကိုယ်
လုပ်နိုင်တဲ့အချိန်ကို အချိန်ပိုလို့ ခေါ်နေတာပါ။
လွတ်လွတ်လပ်လပ် သုံးခွင့်ရှိတဲ့အချိန်ကို
အချိန်ပိုလို့ ခေါ်နေတာပါ။

တိုးတက်ကြီးပွားတဲ့ သူတွေဟာ အဲဒီ
အချိန်ပိုလို့ ခေါ်တဲ့ အချိန်ကို ကောင်းကောင်း
ရင်းနှီးမြှပ်နံတတ်တယ်။
လွတ်လွတ်လပ်လပ် သုံးခွင့်ရှိတဲ့အချိန်ကို
အကောင်းဆုံးနေရာမှာ သုံးတဲ့သူဟာ
တစ်နေ့တစ်ခြား အရည်အချင်း ပိုရှိလာတယ်။
လွတ်လပ်တဲ့သူ ဖြစ်လာတယ်။

အချိန်ကို တန်ဖိုးရှိရှိသုံးတဲ့သူဟာ ကိုယ့်ကိုယ်ကို
ကိုယ် လေးစားမှု ရှိတယ်။ သူတစ်ပါး လေးစားတာ
ကိုလည်း ခံရတယ်။ အရည်အချင်း ရှိတဲ့သူတွေနဲ့
ချစ်ခင်ရင်းနှီးမှု ရှိတယ်။ ဒါကြောင့် တိုးတက်ဖို့
အလားအလာ ရှိတယ်။

အချိန်ဖြုန်းနေတဲ့သူကို ဘယ်သူမှ မလေးစားဘူး။
လူတွေရဲ့ လေးစားမှုကို မရရင် လူ့အသိုင်းအဝိုင်း
ထဲမှာ နေရာကောင်း မရနိုင်ဘူး။ တပည့်က အချိန်
ဖြုန်းနေရင် ဆရာက အဲဒီတပည့်ကို ပေးရတဲ့အချိန်
ဟာ ပေးရကျိုးမနပ်ဘူး လို့ တွေးမယ်။ အဲဒီလိုဆိုရင်
အဲဒီတပည့်ဟာ ဆရာ့ဆီက ရနိုင်သလောက်ပညာ
ကို ပြည့်ပြည့်ဝဝ ရမှာ မဟုတ်တော့ဘူး။ ဒါကြောင့်
အဲဒီတပည့်ဟာ တကယ်ထူးချွန်တဲ့သူ မဖြစ်နိုင်တော့
ဘူး။

တရားအားထုတ်တဲ့အခါမှာလည်း အချိန်မရွေး၊
နေရာမရွေး သတိကို ကပ်ထားနိုင်မှ ကြားလပ်
သွားတာ မရှိအောင် တရားကို အားထုတ်နိုင်မှ
တကယ် အဆင့်မြင့်တဲ့ တရားကို သိနိုင်တယ်။
လုပ်ချင်လုပ်မယ် မလုပ်ချင်မလုပ်ဘူး ဆိုရင်တော့
အဆင့်မြင့်တဲ့ တရားကို မသိနိုင်ဘူး။

ဒီခေတ်မှာ အချိန်ဖြုန်းတဲ့သူတွေ ပိုများလာတယ်။
အချိန်ဖြုန်းဖို့ နည်းတွေလည်း ပိုများလာတယ်။
အချိန်ဖြုန်းတဲ့ လူငယ်တွေ ဘာဖြစ်မလဲ။
အသက်ကြီးလာလေ အသုံးမဝင်လေ ဖြစ်မယ်။
ခိုင်းတာလုပ်ရတဲ့သူတွေ ဖြစ်မယ်။ ခေါင်းဆောင်
မဖြစ်နိုင်ဘူး။

#ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ )

#Posted_by_Words_of_Buddha

6 upvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: