4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Steemit future

image
ဒီကြားထဲ ညဆိုင်းအလုပ်ဆင်းနေတော့ နေ့လည်အိပ်ညအလုပ်လုပ်ဆင်းခြင်းဖြင့် သွားနေရခြင်းကြောင့် steemit အတွက်အချိန် အရင်လောက်မပေးဖြစ်ခဲ့ပါဘူး။ သို့ပေမဲ့လည်း MSC အဖွဲ့အစည်း၏ကျေးဇူးကြောင့် pro လည်းရရှိခဲ့သလို ထူးခြားသည့်သတင်းအချက်အလက်အချို့လည်း MSC အဖွဲ့ သားမိတ်ဆွေများလည်း တဖက်မှ messenger သို့ တိုက်ရိုက်ဆက်သွယ်ပေးခြင်းများကြောင့် အထူးပင်အဆင်ပြေခဲ့သည်။ ကူညီပေးသူမိတ်ဆွေများကိုလည်း ယခုနေရာမှ တဖန်ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ယခုအချိန်တွင်တော့ steemit မှနှစ်ရက်လောက် မသုံးဖြစ်ပေမဲ့လည်း ထွေထွေထူးထူး မည်သို့မှမတုံ့ပြန်ပေမဲ့လည်း တချိန်ကျရင် တရက်မသုံးရင် steem power ဘယ်လောက်လျော့ နှစ်ရက်မသုံးရင် steem power ဘယ်လောက်လျော့ ပြုလုပ်လာရင်တော့ အခက်သားပဲ။ ကျွန်တော့်အထင်တော့ နောက်ပိုင်းအချိန်ကြ လူသုံးများလာရင်တော့ဖြင့် so power ကိုဒဏ်ကြေးအနေနဲ့ ပြန်ယူသိမ်းလို့ရမဲ့စည်းမျဉ်းဥပဒေသ လေးတွေထွက်ရှိလာနိုင်တယ်လို့လည်း မြင်မိပါတယ် သို့ပါမှ steemit block ကို အလဟသမဖြစ်စေခြင်းအလို့ငှာပေါ့။ မည်သို့ပင်ဆိုစေကာမူ ယခုအချိန်သည် steemit သည် beta version ဖြစ်သည့်အတွက်ကြောင့်စဉ်းမျဉ်း အကြပ်တည်းထားပေမဲ့လည်း ပုံမှန်လည်ပတ်သည့်အချိန်တွင်တော့ ပြော့င်းလဲမှု စည်းကမ်းကြပ်တည်းမှု များဖြင့်ပြည့်နေမည်မှာလဲ ဧကန်မုချပါပဲ။

crypto coin ဆိုဒါတွေကလည်း တိုကင်ပဲမဟုတ်လား။ မောင်လှက ရန်ကုန်မှ မောင့်မြင့်အား ငွေဆယ်သိန်းလွဲချင်တယ်ဆိုပါစို့။ သာမာန်အနေနဲ့တော့ ဘဏ်သွားငွေသွင်းချလံယူလွဲခပေး။ ထိုနေရာတွင် ဘဏ်အသုံးမပြုပဲ မောင်လှက 10 သိန်းပိုက်ဆံဖြင့် steem coin ဝယ်မောင်မြင့်၏steemit လိပ်စာသို့တိုက်ရိုက်ငွေလွဲတဲ့ သဘောပြုလုပ်ရန် cryptocurrency ဆိုဒါပေါ်တွေအပြိုင်အဆိုင်ထွက်လာခြင်းပဲမဟုတ်ပါလား။ cryto coin တွေကလည်း ငွေလွဲလက်မှတ်တခုပဲ။ လတ်မှတ်ကို လက်မှတ်ထုပ်သူတွေဆီဝယ်ရခြင်း နှင့် လက်မှတ်ရောင်းသူတွေကလည်း လတ်မှတ်ရောင်းရမှ ငွေရမည်ဖြစ်သည်။ ထိုသူများထဲမှ steem coin လည်းဖြစ်သလို steemain များလည်း နောင်တချိန်ကြရင် steem coin တွေအရောင်းအဝယ်လုပ်ရင်း ရှုပ်နေကြမည်မှာလည်း ယခုအချိန်ကတည်းက တွေး၍ရနေပါပြီ။

အချုပ်အနေနဲ့ပြောချင်တာလေးကတော့ ယခုအချိန်တွင် စည်းကမ်းဥပဒေ လွတ်လပ်စွာ steem power တဖြစ်လည်း steem coin ရရှိနေခြင်းအပေါ် လက်မလွတ်ပဲ ကြိုးကြိုးစားစား ရအောင်ယူထားသင့်ကြောင်း ပြောပြရင်း နိကုံးချုပ်ပြောပါရစေ။ zappl တက်လေးလည်းတွဲသုံးပါတယ်

Author ကိုဗီး
MSC 22

11 upvotes $0.36

Replies (7)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: