Community post
Keep the Earth Alive!!!

ကမ္ဘာကြီးဘယ်အချိန်ကတည်းကတည်ရှိနေတယ်ဆိုတာကိုမည်သူမျှအတိအကျမပြောနိုင်ပါသို့သော်လည်းသိပ္ပံပညာရှင်များရဲ့ခန့်မှန်းတွက်ချက်မှုအရကမ္ဘာကြီးဖြစ်တည်လာတာဟာဆိုရင်၎.၅၄billionsပင်ရှိတော့မည်ဖြစ်ပါသည်။မှန်းဆတွက်ချက်မှုဖြစ်တဲ့အတွက်အတိအကျမမှန်နိုင်ပေသန်းပေါင်၅၀လောက်ကတော့ကွာခြားနိုင်ပေသေးသည်။

ထို့အတူလူသားမျိုးနွယ်ဘယ်အချိန်ကတည်းကဖြစ်တည်လာသလဲဆိုတာကိုသိပ္ပံပညာရှင်တွေလေ့လာကြည့်လိုက်တဲ့အခါမှာနှစ်ပေါင်း၂သိန်းခန့်ပင်ရှိပေအုံးမည်။ကမ္ဘာကြီး၏ဖြစ်တည်မှုနှင့်ယှဉ်လျှင်လူသားမျိုးနွယ်(mankind)ဖြစ်တည်လာမှုမှာနှို်င်းယှဉ်၍ပင်မရနိုင်သေးချေ။သို့သော်ကမ္ဘာကြီးကိုနှိုင်းယှဉ်လို့ရတဲ့အချက်တစ်ချက်ကတော့လူသားမျိုးနွယ်ပေါ်ပေါက်လာသည်မှစ၍ကမ္ဘာကြီးပိုပျက်စီးလာရမှုပင်ဖြစ်သည်။

မျောက်ကနေလူဖြစ်လာတယ်လို့သိပ္ပံပညာရှင်တွေဆိုကြပါတယ်။အသိဥာဏ်မဲ့တဲ့တိရစ္ဆာန်ဘဝကနေတစ်ဆင့်ပြီးတစ်ဆင့် ဆင့်ကဲပြောင်းလဲမှုတွေကိုကျော်လွန်ပြီးနောက်အသိဥာဏ်ရှိလူသားတွေဖြစ်လာတဲ့အချိန်ကတော့ကမ္ဘာကြီး၏ပျက်စီးဆုတ်ယုတ်မှုစတင်တဲ့အချိန်ဖြစ်လာပါတော့တယ်။

အသိဥာဏ်ရှိလာမှုနှင့်အတူအလိုရမက်အတ္တတွေကဒွန်တွဲကပ်ပါလာပါတယ်။ဘာလို့ပျက်စီးဆုတ်ယုတ်မှုအစကလူသားတွေကြောင့်လဲ?အသိဥာဏ်ရှိလာသည့်အတွက်အရင်ဆုံးစဉ်းစားမိကြတာကမိမိအတွက်ပါ။မိုးလုံလေလုံဖို့အိမ်ဆောက်တယ်။အိမ်ဆောက်ဖို့ဘာလိုသလဲ။သစ်တွေလိုတယ်(ယနေ့ခေတ်ကိုမဆိုလိုပါ)။မိုးလုံလေလုံဖြစ်ဖို့အတွက်အိမ်ဆောက်တာအပြစ်မဟုတ်ပါ။ဆောက်ဖို့အတွက်အသုံးပြုခဲ့တဲ့သစ်ပင်တွေကိုပြန်အစားထိုးစိုက်မပေးတာကမှအပြစ်ပါ။

ယနေ့ခေတ်စီးပွားရေးမှာသစ်ထုတ်လုပ်ခြင်းဟာလည်းတစ်စိတ်တစ်ဒေသပါဝင်နေပါတယ်။ထိန်းသိမ်းမှုမရှိအလွန်အကြူးသစ်ခုတ်ခြင်းဟာသစ်တောပြုန်းတီးမှုကိုဖြစ်စေတယ်။သစ်တောသစ်ပင်တွေပြုန်းတီးလာမှုနှင့်အရအပူချိန်ဟာပိုမြင့်တက်လာရတယ်။စက်ယန္တရားတွေကြောင့်လည်းအပူချိန်မြင့်တက်လာရတာမှန်ပါတယ်။ဒါပေမယ့်ကမ္ဘာပေါ်မှာအရေအတွက်အများဆုံးဟာလူသားမျိုးနွယ်ပါ။Oxygenကိုရှူသွင်းပြီးCarbon dioxideကိုထုတ်နေသောလူသားတွေအဖို့သစ်တောပြုန်းတီးအောင်လုပ်ခြင်းဟာကိုယ်သေတွင်းကိုယ်တူးနေသလိုပါဘဲ။

စက်ရုံတွေများပြားလာတယ်၊ကမ္ဘာကြီးပိုပူလာရတယ်။စက်ရုံကထွက်တဲ့စွန့်ပစ်အညစ်အကြေးတွေ၊ကမ္ဘာကြီးပိုညစ်ပတ်လာတယ်။အဆိပ်အတောက်ရှိစွန့်ပစ်အညစ်အကြေးတွေ၊မြစ်ချောင်းတွေကိုပျက်စီးစေတယ်။သစ်တောတွေပြုန်းတီးလာတယ်၊မြေပြိုမှုတွေများလာတယ်။အကုန်လုံးဟာလူသားမျိုးနွယ်ကြောင့်ဖြစ်လာရတဲ့အရာတွေပါဘဲ(သဘာဝဘေးအန္တာရယ်မှလွဲ၍)။
သတ္တဝါတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာVirusဆိုတဲ့ပိုးမွှားတွေအမြဲရှိနေပါတယ်။အလားတူကမ္ဘာကြီးကိုသက်ရှိတစ်ခုအဖြစ်ယူဆလိုက်မယ်ဆိုရင်လူသားမျိုးနွယ်ဟာကမ္ဘာကြီးကိုဖျားနာစေတဲ့Virusပါဘဲ။

ဒါကြောင့်မထိန်းသိမ်းနိုင်သေးရင်နေပါ။မဖျက်စီးပါနဲ့။ဖျက်စီးမိရင်ပြန်လည်အစားထိုးပြုပြင်ပေးပါ။စိုက်ပျိုးပေးပါ။မိမိအတွက်မဟုတ်ရင်တောင်မိမိ၏သားတွေသမီးတွေ၊မြေးတွေမြစ်တွေအတွက်ကမ္ဘာကြီးကိုထိန်းသိမ်းပေးကြပါ။

လူသားတွေကိုယ်တိုင်ကကမ္ဘာကြီးပျက်စီးနေမှုကိုမထိန်းသိမ်းဘူးဆိုရင်တစ်ချိန်လူသားမျိုးနွယ်ကိုမျိုးပြုတ်ဖျက်စီးမဲ့Virusပေါ်လာခဲ့ရင်အပြစ်မဆိုကြပါနဲ့။သေချာတာကတော့လူသားမျိုးနွယ်ပျက်သုန်းသွားတာနဲ့ကမ္ဘာကြီးကနေကောင်းလာမှာပါ။ထို့ကြောင့်လူသားမျိုးနွယ်မပျက်သုန်းဘဲကမ္ဘာကြီးနေကောင်းလာအောင်လူသားတွေကကမ္ဘာကြီးရဲ့Virus killerတွေဖြစ်လာဖို့မျှော်လင့်ရင်း.............

Keep the world Alive!!!
မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ
Written by @zero1332000
MSC-121
Photos from Google
Replies (48)
မှန်တယ်ဘရို
လူသားတွေ ကိုယ်က ကမ္ဘာ ကြီးကိုဖျက်ဆီးနေတဲ့ virus တွေဖြစ်နေမှာ ထင်ယောင်မိတယ် bro ရေ
Nice post
Good post
မှန်ပါတယ်ခင်ဗျာ
Good writing
good
Good post bro
Good knowledge
photo beautiful
Good Article!
Yes,very nice post.
အတွေးအခေါ်လေးတွေ ကောင်းလိုက်တာ မောင်လေးရေ😁😁
ဟုတ်တယ်အကိုတို့ရေ
လူတွေကပူတယ်ပူတယ်ပြောပီးနေကလည်းပူလိုက်တာကွာပြီးနေကိုအပြစ်တင်နေကြတယ်
အကယ်၍လူတွေသာသစ်ပင်တွေကိုထိန်း၂သိမ်း၂ခုတ်ခဲ့မယ်ဆိုနေဘယ်လောက်ပူပူအပူဒဏ်ကိုဒီလောက်ခံစားရမှာမဟုပုလို့မြင်မိတယ်အဓိကကလူသားတွေကြောင့်ပါဘဲ
ဟီးAnimeကြည့်ရင်းစဉ်းစားမိတာလေးတွေပါ
Thanks a lotပါအကိုရေ
ဖတ်ရှပေးလို့ကျေးဇူးပါအကိုရေ
ဟုတ်ကျေးဇူးပါ
ခုလိုကြားရတဲ့အတွက်ဝမိးသာပါတယ်
ဟုတ်ကျေးဇူးပါ
ဟုတ်တယ်အကိုရေ
ကျေးဇူးပါ
ကျေးဇူးပါ
ကျေးဇူးပါ
ကျေးဇူးပါအကို
သစ်တောပြုန်းတီးမှုနဲ့ အတူကမ္ဘ္ဘာကြီးက ပိုပူနွေးလာတာပေါ့နော် အစ်ကို
Nice
ဟုတ်တယ်
Good
သစ်တောပြုန်းတီးလို့ကမ္ဘာကြီးပူနွေးလာရတယ်လို့လည်းမဆိုလိုပါဘူး
ဒါပေမယ့်ကမ္ဘာကြီးပူနွေးလာရတဲ့အချက်ထဲမှာသစ်တောပြုန်းတီးမှုကတစ်ချက်အနေနဲ့ပါဝင်နေပါတယ်
Thz bro
ဟုတ်တယ်အကိုရေ
ကျေးဇူးပါ
ဟုတ်ပါတယ် ဒါကြောင့်မို့လဲ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းဖို့ ဟာ အရေးကြီးတယ်လို့ပြောတာပေါ့ဗျာ
ဟုတ်တယ်အကိုရေ
ပတ်ဝန်းကျင်ထိန်းသိမ်းမှုတွေကိုနိုင်ငံတော်ကပါပူးပေါင်ဆောင်ရွက်စေချင်မိတယ်
Good .try bro
ဟုတ်တယ်ဗျာ
ကမ္ဘာကြီးအစဉ်တည်မြဲစေနိုင်ဖို့ရန် ကျွန်ုနှင့်တကွလူသားအားလုံး၌တာဝန်ကိုယ်ဆီရှိကြသည်
ဟုတ်တလားညီရေ
ဒိလိုရေးသားမှုတွေကိုခုမှဖတ်ခဲ့ရတယ်နော်
ဆက်ပြီးရေးသားသွားပါညီရေ
ရင်ကိုဖွင့်ပြီးသာရေးသွားပါ
စကာလုံးတွေထွက်ပေါ်လာပါလိမ့်မယ်
အားပေးနေလျက်(သူရ)
V 100% $0.075 > V n C Done, @poe/thi
ကျေးဇူးပါ
ကျေးဇူးပါ
ညီတွေးမိသလောက်လေးပါ
နည်းပညာpostအတွက်အချိန်မရတော့လို့
မရှိရှိတဲ့ဥာဏ်လေးနဲ့စဉ်းစားရတာလေးကိုရေးထားတာကို
ဖတိရှ
ပြီးအားပေးတဲ့အကို့ကိုကျေးဇူးတင်မိပါတယ်ဗျ
img credz: pixabay.com
Nice, you got a 76.0% @clvr upgoat, thanks to @ptcmyanmar
Want a boost? Minnowbooster's got your back!
Thz @ptcmyanmar
Great Post!! I just finished a post on climate change that might be interesting to you. Take a look if you get the opportunity. Thanks!!
https://steemit.com/earth/@cool-mike/five-simple-ways-you-can-help-fight-climate-change-starting-tomorrow
Thz sir
လူငယ်ပေမယ့် ပညာမငယ် အတွေးအခေါ်မငယ်ကြောင်း ပြသသွားနိုင်တယ် ၊ အားပေးပါတယ်
အခုလိုကြားရတာတကယ်ဝမ်းမြောက်မိပါတယ်ဗျာ
ရှိတဲ့ဥာဏ်လေးနဲ့စဉ်းစားတာကိုခုလိုပြန်ကြားရတဲ့အတွက်အထူးဘဲဝမ်းမြောက်မိပါတယ်ကျေးဇူးပါဗျာ