4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

မိသားစု အပန်းဖြေခရီး တစ်ခု

20180304_133836.jpg

     ရန်ကုန်တိရစ္ဆာန် ဥယာဉ်ကို ဒီတစ်ပတ် တနင်္ဂနွေနေ့ က ရောက်ခဲ့တယ်။ ဘာလို့ သွားဖြစ်လဲဆိုတော့ သားသားလေးကြောင့်ပေါ့။ အဓိက ကတော့ သူ့ ကို လိုက်ပို့ ချင်တာကြောင့်ပေါ့လေ။ ပဲခူးငနေသွားရတာဆိုတော့ မနက်စောစော အိပ်ယာထ သွားရတာပေါ့။ ဒါပေမဲ့ အိမ်ကကောင်က မနက် မနက်ဆို ၈ နာရီကျော်မှနိုးတာဆိုတော့ ဘယ် ပြောကောင်းမလဲ နောက်ကျတာပေါ့ဗျာ။ စထွက်ကတည်းက ၈:၃၀ ကျော်ပြီ။ ပြီးတော့ သူ့ ဘွားဘွားက သမိုင်းမှာနေတာဆိုတော့ ဝင်လည်ဦးမှာလေ။ အဲ့တာနဲ့  စထွက်ကတည်းက နောက်ကျတယ် ဆိုပါတော့ဗျာ။

       လိုင်းကား တက်စီးတော့ ပဲခူးကနေ ရန်ကုန် စော်ဘွားကြီးကုန်း အထိကို ၁၀၀၀ ပေးရတယ်။ အဲ့ကနေ သမိုင်းကို အရင်လို ၄၅ ကားတွေ မရှိတော့ဘူး။ ကားနံပါတ်တောင် မမှတ်မိတော့ဘူးဗျာ။ YBS ပြောင်းပြီးကတည်းက ရန်ကုန်မရောက်ဖြစ်တာလည်း ကြာကိုးဗျ။ အဲ့တာနဲ့ သမိုင်း ရောက်တော့ သူ့ အဘွားအိမ် သွားလည်လိုက်သေးရဲ့ ။  သူ့ အဘွားအိမ်မှာ ထမင်းစား ပြီးမှ တိရစ္ဆာန် ဥယာဉ်ကို မိသားစုလိုက်ချီတက်ကြတာပေါ့။ အခု ရန်ကုန်ကလူတွေကတော့ နေသားကျနေပြီ ထင်ပါတယ်။ ကိုယ်တွေကတော့ YBS မစီးဘူးတော့ ကို့ ယို့ ကားယား တွေကိုဖြစ်လို့ ဗျာ။သမိုင်းကနေ တိရစ္ဆာန်ဥယာဉ်ကို ၆၁ လိုင်းကားစီးပြီးသွားတယ်ဗျ။ အဲ့လိုနဲ့  target ဖြစ်တဲ့ တိရစ္ဆာန် ဥယာဉ်ကိုရောက်သွားတယ်ဆိုပါတော့ဗျာ။ ဝင်ကြေးက တစ်ယောက် တစ်ထောင်။ အဲ သူ့ ဝင်ပေါက်တွေကလည်းများသားဗျ။ မှတ်တောင် မမှတ်ထားလိုက်ရဘူး။ မှတ်တိုင်နဲ့ နီးတဲ့  ဝင်ပေါက်ကနေ ဝင်လိုက်တာပေါ့ဗျာ။

        အထဲရောက်တော့ စတွေ့ တာက ငှက်တွေ။ ငှက်တွေကတော့ သိတဲ့အတိုင်း လှော်ကားဥယာဉ်မှာတည်းက မြင်ဖူးတော့ အထူးအဆန်း မဟုတ်တော့ဘူးလေ။ ဆက်လျှောက်လိုက်တော့ လမ်းတစ်ဖက်မှာ မျောက်အိမ်။ ဒါပေမဲ့ မျောက်က နှစ်ကောင်တည်း။ ဒီကြားထဲ သားသားက မျောက်တွေဆော့တဲ့  ဘောလုံးကို အတင်းတောင်းနေလို့  ထွက်ပြေးလာခဲ့ရတယ်။ ဆက်လျှောက်လာတော့ ရေကူးကန်ကိုတွေ့ တယ်။ ပြီးတော့ ညာဘက်ကိုချိုးလိုက်တော့ တွေ့ ချင်နေတဲ့  ဆင်တွေကိုတွေ့ ရပါပြီ ။ အရင်ဆုံးတွေ့ ရတာက မြင်းကျားတွေ။ ပြီးမှ ဆင်တွေကိုတွေ့ တာ။ ဆင်တွေဆိုလို့ အများကြီးမထင်ပါနဲ့ ။ နှစ်ကောင်တည်းရယ်။ ဒါပေမဲ့ ဆင်တွေကတော့ လူတွေချစ်ကြတဟ် ထင်ပါရဲ့ ။ လူတွေအများကြီး အစာကျွေးနေကြတယ်။ ဆင်တွေထားတဲ့ ရှေ့ မှာ ထိုင်စရာနေရာလေးတွေရှိတော့ ထိုင်ပြီး ဝယ်လာတဲ့မုန့် တွေ စားနေတုန်း ဆင်တစ်ကောင်က ကျုံးကိုကျော်ပြီး တက်လာပါလေရော။ သူကတော့ အစာတောင်းတာပေါ့။ ကိုယ်တွေကတော့ လန့်နေရတာပေါ့လေ။20180304_131828.jpg

          အဲ့တာနဲ့ ထထွက်လာတော့ သားသားက ဝူးဝူး စီးချင်တယ်တဲ့။ ဝူးဝူးဆိုတာက တိရစ္ဆာန်ရုံထဲမှာ မောင်းတဲ့ ကားလေးတွေကိုပြောတာပါ။ ဈေးမေးကြည့်လိုက်တော့ နာရီဝက်ကို ၇၀၀၀တဲ့။ ဆယ်ယောက်စီးလို့ ရတယ်ပြောတယ်။ ဆက်သွားတော့ ကျားခြင်္သေ့ဂူကို ရောက်သွားတယ်။ ကိုယ်တွေရောက်ရောက်ခြင်း ကြားရတဲ့ အသံတစ်ခုကြောင့်ကြောင်တောင်တောင် ဖြစ်သွားသေးတယ်။20180304_134133.jpg ပြီးတော့မှ ကျားဟိန်းတဲ့ အသံမှန်းသိလိုက်ရတယ်။ ကျားတစ်ကောင်က လမ်းလျှောက်နေပြီးတော့ ဟိန်းနေတာဗျာ။ 20180304_134804.jpg

          အဲ့ဒီ့နားမှာပဲ ပန်းပင်လေးတွေတွေ့ တော့ မြင်ရင်မနေနိုင်တဲ့ မဟေသီနဲ့  ယောက်ခမက ဓာတ်ပုံရိုက်ကြပါလေရော။ ပြီးတော့ ဝက်ဝံလေးတွေကို လည်းတွေ့ မိတယ်။ တစ်ချို့ ဆိုရင်များ ပုခက်ဆင်ပြီးကို ကလေးတွေနဲ့  လာနားနေကြတာကိုတွေ့ ခဲ့ရတယ်။ ဆက်လျှောက်သွားတော့ မိကျောင်းတွေ ကြက်တူရွေးတွေ မြွေတွေနဲ့ ရေမြင်းတွေပါတွေ့ ခဲ့ရသေးတယ်။ ဟို လှော်ကား ဥယာဉ် ထက်စာရင် အများကြီးရှိတယ်ဗျ။ ပြီးတော့ မျောက်ရွာကိုတွေ့ သေးတယ်။ အဲ့တာနဲ့  ဆက်မလျောက်နိုင်တော့လို့  ပြန်ထွက်လာတော့ ပြန်ထွက်တဲ့အပေါက်မှာ ထီးကလေး တွေကို စီစီရီရီ ချိတ်ပြီး နေမထိုးအောင် ကာကွယ်ပေးထားတဲ့ ဝင်ပေါက်ကနေ ပြန်ထွက်လာခဲ့တယ်။20180304_142447.jpg

              တစ်ဆက်တည်း ကန်တော်ကြီးကိုဝင်ပြီး မြေပဒေသာ ကျွန်းမှာ အပင်လေးတွေရွေးတာပေါ့။20180304_143443.jpg တစ်နေကုန် မနားလိုက်ရပဲ ခြေထောက်တွေလည်း ညောင်းချိကုန်တာပဲ။ မြေပဒေသာ ကျွန်းက ပြန်ထွက်တော့ ညနေ ၃နာရီခွဲပြီ။ လိုချင်တဲ့ အပင်လေးတွေမရတာနဲ့  တောင်ဒဂုံက ဝယ်နေကျဆိုင်ကို Taxi ငှားစီးတော့ ကျသင့်ငွေက ၆၀၀၀ တဲ့။ သားသားလည်းပင်ပန်း နေတာနဲ့  ငှားစီးလိုက်ရတော့တယ်။ စိတ်ထဲမှာတော့ တွေးမိပါတယ်။ ကုန်ပါပြီ ပန်းပင်ရောင်းရတဲ့ အမြတ်တွေကတော့လို့ ။

               ပန်းဆိုင်ကိုရောက်တော့မှ လိုချင်တဲ့ အပင်လေးတွေမြင်ရလို့  စိတ်ချမ်းသွားရတယ်။ အဲ့တာနဲ့ အပင်ဝယ် တောင်မြောက်လမ်းဆုံကို လိုင်းကားစီးပြီး တောင်မြောက်လမ်းဆုံကနေ ပဲခူးကို ကိုယ်တွေအခေါ် ကျားမင်း ကားဒါပေမဲ့ စီးရတာက ထာဝရ mini bus လေး စီးပြီးပြန်လာခဲ့တယ်။ ပဲခူး ပြန်ရောက်တော့ ည ၇နာရီ ခွဲပြီးပြီ။

         သူငယ်ချင်း ညီအစ်ကို မောင်နှမများလည်း ရန်ကုန်မှာနေတဲ့သူပဲဖြစ်ဖြစ် ရန်ကုန်ကို အလည်လာတဲ့ သူပဲဖြစ်ဖြစ် ရန်ကုန် တိရစ္ဆာန် ဥယာဉ်ကို ရောက်အောင်သွားဖို့ တိုက်တွန်းပါတယ်။ အကုန်အကျ သက်သာပြီး တိရစ္ဆာန် မျိုးစုံလည်း ကြည့်ခွင့်ရသလို ရွှေတိဂုံ ဘုရားကိုလည်း ဖူးမြှော်လို့ ရပါတယ်။ အချိန် ရှိသေးရင် ကန်တော်ကြီး မှာလည်း ဝင်နားလို့ ရပါသေးတယ်။ အဲ့တာမှ မကျေနပ်သေးရင်တော့ အင်းလျား ကန်ဘောင်ကို ဆက်ချီတက်ပြီး အေးအေး ဆေးဆေး အနားယူလို့ ရပါတယ်ဆိုတာ ပြောပြရင်း ဒီတစ်ပတ် သွားခဲ့တဲ့ တိရစ္ဆာန် ဥယာဉ် အကြောင်းလေးကို ရေးသားလိုက်ရပါတယ်။

MSC 237

written by @zinminnaing!

51 upvotes $0.75

Replies (36)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: