4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

တခါက-2

သူ့ကိုလိုက်ပို့ပြီး ပြန်လာမှ ကျွန်တော်က ရေအမြန်ချိုး ထမင်းစားပြီး အလုပ်ကိုသွားတယ်။ဒါက အလုပ်ဖွင့်တဲ့ မနက်တိုင်း ကျွန်တော်လုပ်တဲ့ ဂျူတီပါ။ညနေရောက်ပြန်တော့လည်း ကျွန်တော်က အလုပ်သိမ်းတာစောတယ်။အိမ်ပြန်ရောက်တာနဲ့ ညနေစာချက် ပြီးရင်ရေချိုးရင်း ကျွန်တော့ အဝတ်နဲ့သူအပေါ်အင်္ကျီလေးတွေ လျှော်ပေးတယ်။ခင်ဗျတို့ တွေးမှာပေါ့ ယောက်ျားလေး ဖြစ်ပြီး အင်္ကျီပါ လျှော်ပေးတာတော့ လွန်တာပေါ့လို့။ဒါပေမယ့် ကျွန်တော်သူ့ကို အရမ်းချစ်တယ်လေ။သူသက်သာဖို့ပေါ့။ဒီလိုနဲ့ အရမ်းချစ်ခဲ့ကြတာပေါ့။ကျွန်တော်သူ့မအတွက် လုပ်ပေးနေရလို့ ပျော်နေတာပေါ့။သူလည်း ကျွန်တော်အခုလိုဂရုစိုက်ပေးတာကိုကျေနပ်နေမိသည်။
https://img.esteem.ws/sb7fjklqs2.jpg
credit source
ကျွန်တော်ကတစ်ခါတလေ သောက်တက်ပါတယ်။ဒီနေ့က လစာ ထုပ်ပြီးနောက်ရက်။ပိတ်ရက်လည်းဖြစ် ညနေကလည်း စောင်းလာပြီဆိုတော့ သောက်မယ်ဆိုပြီး တွေးထားပေါ့။အတွေးကို အကောင်ထည်ဖော်ဖို့သူမကိုပြောပြီး လိုင်းခန်းကနေ ဈေးဆိုင်အသွား တိုက်တိုက်ဆိုင်ဆိုင် ဆရာနဲ့တွေ့တော့ ဆရာကို ခေါ်လာပြီ chan beer ၁၀ဗူး ဝယ်ပြီး အိမ်ပြန်လာတာပေါ့။

သူမက တစ်ယောက်ထဲအိမ်မှာ တစ်ခါတလေသောက်တာ မပြောပေမယ့် ကျွန်တော့ဆရာကို သဘောမကျဘူးလေ။ဆရာက အသောက်တလိုင်းပေါ့ဗျာ။ကျွန်တော်ကိုလဲ ဆရာနဲ့ တွဲမိပြီး ဆရာလို အသောက်သမား ဖြစ်သွားမှာကို စိုးရိမ်တယ်လေ။ဒါကြောင့် အိမ်ကို ဝင်လိုက်တာနဲ့ သူမရဲ့ မကျေနပ်တဲ့မျက်ဝန်းတွေ စတွေ့ရပြီ။ကျွန်တော်တို့လည်း မသိခြင်ယောင်ဆောင်ပြီး ဆက်သောက်နေတာပေါ့။

သောက်ရင်း သောက်ရင်း စကားပြောရင်းနဲ့ ည ၈ နာရီလောက်ရောက်တော့ သူမထံမှ ပေါက်ကွဲသံစဉ်များ ထွက်လာပါတော့တယ်။`ဟဲ့ အကောင် နင်အရက်သမားနဲ့ ပေါင်းပြီး Sအရက်ပဲ သောက်နေ နင့်မိဘက အရက်သောက်ဖို့ သင်ပေးလိုက်တာလား Sအကောင် သူတောင်းစားဖြစ်မဲ့ အကောင် နင်က Sဆင့်မရှိတဲ့ သူနဲ့ပေါင်းပြီး Sရေးမပါတာတွေ လုပ်နေတယ် ဟုတ်လား´ သူမမျက်နှာမှာ တခါမှမမြင်ဘူးတဲ့ ခတ်ထန်မှုတွေ မြင်လိုက်ရတယ်။

ကျွန်တော်လည်း အစပိုင်းမှာ ကြောင်နေပြီး နောက်မှ ကိုယ့်မိတ်ဆွေ ဆရာရဲ့ရှေ့မှာ ဒီလို အပြောခံရတော့ ရှက်တာရော အနည်းငယ် သောက်ထားတာရော ပေါင်းပြီး ယောက်ျားတစ်ယောက်အတွက် ရှက်စရာ အကောင်းဆုံး အလုပ်ကို လုပ်မိသွားတယ်။သူမပြောပြီးလို့ စက္ကန့် ပိုင်းအတွင်း ကျွန်တော်ရဲ့ လက်ဝါးဟာ သူမရဲ့ ပါးပေိါကို ကျရောက်သွားပါတော့တယ်။ကျွန်တော်ရဲ့ ဆင်ခြင်တုံတရား ကင်းမဲ့လှ တဲ့ လက်တွေဟာ သူမရဲ့ပါးပေါ်မှာ ပြေးလွှားနေပါ တော့တယ်။

ဆရာက ကမန်းကတန်း ထဆွဲလိုက် ချိန် သူမလည်း ငိုပြီး အိပ်ယာထဲ ပြေးဝင်သွားပါတော့တယ်။ဆရာလည်း ပြန်သွားတယ် ကျွန်တော် မှားသွားပြီ ဆိုတာ သိလိုက်ပါတယ်။ဒါပေမယ့် အရာအားလုံးဟာ ပြီးသွားပါပြီ။ကျွန်တော့ မျက်ဝန်းမှာ မျက်ရည်တွေ ဝေ့နေသလို သူမရဲ့ ပါးပေါ်ကျရောက်စေခဲ့တဲ့ ကျွန်တော့ လက်တွေကို မုန်းမိသလို ကျွန်တော့ကိုယ်ကို လည်း မုန်းမိတယ်။

ကျွန်တော် သူမကို အထပ်ထပ်တောင်းပန်ပေမယ့် သူမထံမှ ငိုရှိုက်သံကလွဲလို့ ဘာစကားသံမှ ပြန်မကြားတော့ပါ။နံနက်လည်း လင်ခါနီးပြီ သူမထံမှ ငိုရှိုက်သံများ ကြားနေရစဲ။ကျွန်တော့ထံမှ သက်ပြင်းသံများ ထွက်နေစဲ။ံနံနက်မိုးလင်းပြီ။သူမအဝတ်တွေ အိပ်ထဲ ထည်းနေသည်။ကျွန်တော် အထပ်ထပ်တောင်းပန် နေပေမယ့် သူမ အလုပ်ကို သူမဆက်လုပ်နေသည်။ပြီးတော့ သူမအထုပ်လေးဆွဲပြီး ကျွန်တော်ထံမှ အပြီးပိုင် ထွက်သွားပါတော့တယ်။ကျွန်တော် သူမကို တားဆီး လို့မရတော့ပါ။
https://img.esteem.ws/qcr8aez0uq.jpg
credit source
ကျွန်တော့ရင်ဘက်ထဲမှာ သူမနာမည်ကို ယခု အချိန်ထိ တမ်းတနေစဲ အော်ခေါ်နေစဲ။သူမကို ချစ်စဲ။နေ့ရက်တိုင်းမျှော်နေစဲ။သို့သော် သူမပြန်မလာတော့ပါ။ ကိုယ်ချစ်တဲ့သူအပေါ်မိန်းကလေး တစ်ယောက်အပေါ်မှာ ယောက်ျားတစ်ယောက် အတွက် ရှက်စရာ အကောင်းဆုံးအလုပ်ကို လုပ်မိလို့ နောင်တတရား တွေးနဲ့ နေ့ရက်တိုင်း သိမ်ငယ်နေစဲ။ငါ နင့်ကို အရမ်းချစ်တယ် သဲ ရယ်။ပြန်လာခဲ့ပေးပါ။

@zinminnaing

3 upvotes $0.01

Replies (2)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: