4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ပေးစွမ်းနိုင်တယ်

အသက်ရှူ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းအားဖြင့် အဆုတ်က ပြန့်ကားနိုင်စွမ်းရှိလာပြီး မြေပေါ်မှာပဲဖြစ်ဖြစ်၊ ရေထဲမှာပဲဖြစ်ဖြစ် ပိုပြီးကြာကြာ လေ့ကျင့်ခန်း လုပ်လာနိုင်ပါတယ်။ ဝမ်းဗိုက်အထိ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ် ပုံမှန်လုပ်လာတဲ့အခါမှာ အဆုတ်စနစ်တစ်ခုလုံး အားကောင်းလာပြီး အောက်ဆီဂျင်တွေကို ကောင်းကောင်း ရှူသွင်းနိုင်ပြီး ခန္ဓာကိုယ်အနှံ့ကို ဖြန့်ဝေပေးပါတယ်။
image
စိတ်ပိုင်းဆိုင်ရာ ငြိမ်းအေးမှုကို ပေးစွမ်းနိုင်တယ်။ အာရုံစိုက်ပြီး ဝင်လေထွက်လေ မှတ်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကို ပိုပြီးသိမြင်လာမယ်၊ မိမိကိုယ်ကို အရှိကို အရှိအတိုင်း လက်ခံလာနိုင်မယ်၊ ကိုယ့်ကိုယ်ကို စည်းကမ်းချမှတ်လာနိုင်မယ်။ ဒီအခါမှာ ပေါင်းသင်းဆက်ဆံရေးအတွက် ပိုပြီးအကျိုးများလာမယ်။ တခြားသူတွေနဲ့ ဆက်ဆံပြုမူတဲ့အခါမှာ ပိုပြီးစိတ်ရှည် သည်းခံတတ်လာကာ၊ ပိုပြီးတွေးတောပေးနိုင်လာမယ်။အကျိုးကျေးဇူးတွေကို သိပြီးပြီဆိုတော့ ကိုယ်တိုင် အသက်ရှူလေ့ကျင့်ခန်း စလုပ်ဖို့ အသင့်ဖြစ်ကြပြီလား။ လုပ်ပုံလုပ်နည်း အများကြီးရှိတဲ့အထဲက ကိုယ်နဲ့သင့်တော်မယ့် နည်းတစ်ခုကို ရွေးပြီး လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

15 upvotes $0.17

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: