4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဟာသုံးစွဲ

မိမိ အလုပ်မှ တစ်ဆင့် ဖြစ်ပေါ်လာမယ့် သတ်ရောက်မှုတွေကို သိရှိခြင်း (Consequences of Professional works)အောင်မြင်တဲ့ Professional တစ်ဦးမှာ ရှိရမယ့် အရေးအကြီးဆုံးအချက် ကတော့ မိမိရဲ့ လုပ်ဆောင်မှု (သို့မဟုတ်) မိမိရဲ့ အလုပ်မှ တစ်ဆင့် ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာနိုင်သော အကျိုးသက်ရောက်မှုများကို သိရှိ ခြင်းဖြစ်ပါတယ်။
image
ဥပမာ ပြောရရင် မိမိရဲ့ ရေးသားဖန်တီးခဲ့သော Banking Software Application ဟာသုံးစွဲသူတွေအတွက် ဘယ်လောက်အကျိုးသက်ရောက်မှုရှိစေသလဲ ဘယ်လောက်အချိန်ငွေ သက်သာသွားနိုင်သလဲ ၊ ဘဏ်လုပ်ငန်းရှင် နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်တွေအတွက် ဘယ်လောက် အထောက်အပံ့ဖြစ်သွားနိုင်သလဲ အဆုံးထိတွေးတော သိရှိနေဖို့လိုပါတယ်။ တစ်ဖက်ကလည်း Application ရော Database ရောအပိုင်းမှာ Security ထိန်းမပေးခဲ့ရင် သုံးစွဲသူ(Application user) တွေရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေ ဒုက္ခ ရောက်နိုင်တယ်၊ လုပ်ငန်းရှင်တွေလည်းပြသနာတွေ တန်းစီ တက်သွားနိုင်မယ် ..စသည်ဖြင့် ဖြစ်နိုင်သော သက်ရောက်မှု (Consequences) တွေကို လိုက်စဉ်းစားပေးရမှာဖြစ်ပါတယ်။
ကိုယ်က ဒီအပိုင်းပဲ Develop လုပ်ပေးရမှာ ကိုယ့်တာဝန်ပြီးရင်ပြီးပြီ၊ ကျန်တာတော့ ကိုယ်နှင့် မဆိုင်ဘူးလို့ သဘောမထားရပါဘူး။ အဲလိုပဲ စဉ်းစားသူဆိုရင်တော့ Just Developer ပဲ ဖြစ်လာမှာပါ Professional ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး

13 upvotes $0.17

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: