4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Meaningful Life

ဖြတ်သန်းခဲ့တဲ့ဘဝတစ်လျှောက် ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းမကျတာ အားမလိုအားမရဖြစ်မိတဲ့အခါမျိုးတွေ ခဏခဏကြုံခဲ့ကြဖူးမှာပါ။

ဒီအခါ ဘယ်သူ့ကြောင့် ဘာကြောင့်ဆိုပြီး အပြင်မှာရှာဖွေနေမယ့်အစား မိမိကိုယ်တိုင်ကိုပဲပြန်ကြည့်လိုက်ရင် ကျေနပ်စရာ အဖြေကောင်းတစ်ခု ထွက်လာမှာပါ။

အဓိပ္ပါယ်ပြည့်ဝတဲ့ ဘဝတစ်ခုကို ကျေကျေနပ်နပ်ဖြတ်သန်းနိုင်ဖို့အတွက် ဒီလိုလေးတွေတော့ နေထိုင်ဖို့လိုအပ်ပါတယ် ။

တခြားသူတွေအိပ်စက်အနားယူနေချိန်မှာ ကိုယ်ကလေ့လာနေဖို့ လိုပါတယ် ။
တခြားသူတွေ တွေဝေနေချိန်မှာ ကိုယ်က တိကျမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့လိုပါတယ် ။

အများသူငါ လေထဲတိုက်အိမ်ဆောက်နေတဲ့အချိန်မျိုးမှာ ကိုယ်ကအရာရာပြင်ဆင်ထားဖို့ လိုအပ်ပါတယ် ။
ကိုယ့်ပတ်ဝန်းကျင်က အတူရှိနေသူတွေက အချိန်တွေဆွဲနေကြတဲ့အခါမျိုးမှာ ကိုယ်ကဦးဆောင်ပြီး စတင်ပေးဖို့လိုအပ်ပါတယ် ။

သူများတွေ ဆုတောင်းနေကြတဲ့အချိန်မှာ ကိုယ်က လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်ပါတယ် ။
သူများတွေ အသုံးထက်အဖြုန်းပိုနေတဲ့အချိန်မျိုးမှာ ကိုယ်ကစနစ်တကျ စုဆောင်းသိုမှီးထားဖို့ လိုအပ်ပါတယ် ။

သူများတွေ အလုအယက်စကားနိုင်လုပြီးအပြိုင်ပြောဆိုနေကြတဲ့အချိန်မှာ ကိုယ်ကကောင်းမွန်စွာ နားထောင်ပေးနိုင်ဖို့လိုအပ်ပါတယ် ။
သူများတွေ စိတ်ဆိုးဒေါသထွက်နေကြတဲ့အခါ ကိုယ်က အေးချမ်းစွာ ပြုံးရယ်ပေးနိုင်ဖို့ လိုအပ်ပါတယ် ။

သူများတွေရပ်တန့်လိုက်ချိန်မှာ ကိုယ်က ဇွဲရှိရှိနဲ့ဆက်လက်လျှောက်လှမ်းနိုင်အောင် ကြိုးစားဖို့ လိုအပ်ပါတယ် ။

စတီးမစ်မြန်မာအဖွဲ့သားများအားလုံး ပျော်ရွှင်စရာ သင်္ကြန်အခါသမယလေးမှာ နှလုံးစိတ်ဝမ်းအေးချမ်းစွာဖြတ်သန်းနိုင်ကြပါစေရှင် ။

@zinzin
MSC-194

The_Life-98827bce-4d4e-325d-a0a0-66d9db2c2d75.jpg

77 upvotes $0.96

Replies (20)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: