4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အသည်းစားတဲ့ ဘီလူးမ

09-33-10-2Q==.jpg

မင်းဟာ အချစ်တွေနဲ့မတန်ဘူး
ငါ့နှလုံးသားနဲ့ မထိုက်တန်ဘူး
ငါ့အပြုံးတွေနဲ့ မထိုက်တန်ဘူး
ငါ့ချစ်ခြင်းတွေနဲ့ မထိုက်တန်ဘူး
ငါ့ရဲ့ ပါရမီဖြညိ့ဘက်အနေနဲ့ မထိုက်တန်ဘူး
ဒါဟာ မင်းရဲ့ လုပ်ရပ်သက်သေအတွက်
ငါ့အတွက် နစ်မွန်းစေခဲ့တဲ့ မင်းရဲ့လုပ်ရပ်ကြောင့်
ငါကိုယ်တိုင် လမ်းပျောက်ခဲ့ဖူးပြီလေ
ငါကိုယ်တိုင် စိတ်နှောက်ခဲ့ဖူးပြီလေ
မင်းဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ
အပျော်ရမ္မက်ကြူးပီး စိတ်အလိုလိုက်
ထင်ရာမိုက်တတ်တဲ့ တစ်ဇွတ်ထိုး
တစ်ဇောက်ကန်းမိန်းမတစ်ယောက်ထက်မပို
ငါ့အလိုကိုလည်း မင်းမသိဘူး
ငါ့ဘက်ကိုလည်း မင်းမကြည့်ဘူး
ုငါသာမင်းနေရာမှာဆိုရင်အတွေး
မင်းပြေးမမြင်တာ ငါအံ့သြမိ
လောကကြီးထဲမှာ အမိမင်းတစ်ယောက်သာ
ပြောရအခက်ဆုံးလို့ ငါထင်မိ
ကြံဆလို့ တွေးမိတိုင်း အမြဲငါရင်နာ
အသည်းနာလို မဆုံးတော့ဘူး အမိ....။

16-53-12-friends-fingers.jpg

အသည္းစားတဲ့ ဘီလူးမ

မင္းဟာ အခ်စ္ေတြနဲ႕မတန္ဘူး
ငါ့ႏွလုံးသားနဲ႕ မထိုက္တန္ဘူး
ငါ့အၿပဳံးေတြနဲ႕ မထိုက္တန္ဘူး
ငါ့ခ်စ္ျခင္းေတြနဲ႕ မထိုက္တန္ဘူး
ငါ့ရဲ႕ ပါရမီျဖညိ့ဘက္အေနနဲ႕ မထိုက္တန္ဘူး
ဒါဟာ မင္းရဲ႕ လုပ္ရပ္သက္ေသအတြက္
ငါ့အတြက္ နစ္မြန္းေစခဲ့တဲ့ မင္းရဲ႕လုပ္ရပ္ေၾကာင့္
ငါကိုယ္တိုင္ လမ္းေပ်ာက္ခဲ့ဖူးၿပီေလ
ငါကိုယ္တိုင္ စိတ္ေႏွာက္ခဲ့ဖူးၿပီေလ
မင္းဆိုတဲ့ မိန္းကေလးတစ္ေယာက္ဟာ
အေပ်ာ္ရမၼက္ၾကဴးပီး စိတ္အလိုလိုက္
ထင္ရာမိုက္တတ္တဲ့ တစ္ဇြတ္ထိုး
တစ္ေဇာက္ကန္းမိန္းမတစ္ေယာက္ထက္မပို
ငါ့အလိုကိုလည္း မင္းမသိဘူး
ငါ့ဘက္ကိုလည္း မင္းမၾကည့္ဘူး
ုငါသာမင္းေနရာမွာဆိုရင္အေတြး
မင္းေျပးမျမင္တာ ငါအံ့ၾသမိ
ေလာကႀကီးထဲမွာ အမိမင္းတစ္ေယာက္သာ
ေျပာရအခက္ဆုံးလို႔ ငါထင္မိ
ႀကံဆလို႔ ေတြးမိတိုင္း အၿမဲငါရင္နာ
အသည္းနာလို မဆုံးေတာ့ဘူး အမိ....။

Poem Writer @zzo

Photo @google.com

4 upvotes $0.09

Replies (2)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: