4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အပြစ်မကင်းသူပါ

တစ်ခါတစ်လေကျတော့လူတော်တော်များများကို စိတ်
ကုန်မိတယ်ဗျာ ကျွန်နော်က အပေါင်းအသင်းမက်ပီးအားနာတတ်
တဲ့စိတ်ကရှိနေတော့ ကျွန်နော်ကိုလူအလူနုံကြီးလို့သဘောထား
ကျတယ် ဒါတွေကျွန်နော်သိတာပေါ့ ဆင်ခြင်ပီလေ အလိုက်အ
ထိုက်လေးနေပေးလိုက်တယ် အဲ့ခါကျတော့လဲ ပေါင်းသင်းရတာ
စိတ်မမှန်ဘူးတဲ့ဗျ ခက်တာပဲ သူတို့အကြိုက်လိုက်ပီး နုံအနေပေး
ရမလိုဖြစ်နေပီ မတတ်နိုင်ဘူးဗျာ ထင်ချင်သလိုထင်ကျစေတော့
အကူညီလိုရင်ပေးနိုင်တဲ့အရာဆိုပေးလိုက်မယ် ကိုယ်ကအမြဲအ
နစ်နာခံပြီးနေပေးခဲ့တော့ တစ်ခါလေ အဆင်မပြေတာနဲ့ အရင်
ကကောင်းခဲ့တာတွေ အလကားဖြစ်ကုန်ရောဗျာ အမြဲတမ်းကြီး
တော့ ဘယ်ကောင်းနိုင်ပါ့မလဲ အတတ်နိုင်ဆုံးတော့ကောင်း
အောင်နေတာပဲလေ လူပဲဗျာ အမှားနဲ့တော့ဘယ်ကင်းပါ့မလဲ
ကြီးတာနဲ့သေးတာပဲကွာတာပါ ဘာကြောင့်ဖြစ်ဖြစ် တစ်ဖက်
သားကို အပြစ်တင်ပြောဆိုချင်ရင် ကိုယ်ကိုတိုင်ကယော အပြစ်
ကင်းရဲ့လားလို့ ပြန်တွေးကြည့်လိုက်ပါ ခွင့်လွှတ်လို့ရတဲ့အမှားဆို
ရင် ခွင့်လွှတ်ပေးရမှာပေါ့ ခွင့်လွှတ်လို့မရတဲ့အမှားဆိုရင်လဲနောက်
နောင် ဆင်ခြင်နိုင်အောင်ပြောပြရမှာပေါ့ ကျွန်နော်လဲအမှားနဲ့မ
ကင်းသူမို့ မည်သူကိုမျှ အပြစ်မပြောလိုပါဘူး တစ်ခုတည်းပါ သူ
တစ်ပါးကိုအပြစ်မပြောခင် မိမိကိုယ်ကိုအရင် မမှားအောင်နေကြည့်
လိုက်ပါ လွယ်မလားလို့ 🤣🤣🤣🤣

                HFS -35.                  c.m.m ![image](https://img.esteem.ws/huzx1dtysv.jpg)
9 upvotes $0.00

Replies (8)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: