4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

စိတ်ခွန်အား

အားလုံးပဲမင်္ဂလာပါ ကျွန်တော်အမြင်လေးတခုကိုပြောပြချင်ပါတယ် ဘာလဲဆိုတော့ လူတိုင်းလူတိုင်းမှာ အားနည်းချက်အားသာချက်ဆိုတာ ရှိစမြဲပါ
အကြောင်းအမျိုးမျိုးကြောင့် စိတ်ဓာတ်တွေကျတတ်ပါတယ်
စိတ်မညစ်နဲ့စိတ်ဓာတ်မကျနဲ့ အားမလျော့နဲ့လို့ အားပေးနေပေမဲ့
လက်တွေခံစားရတဲ့လူသာ အသိဆုံးဆိုတော့ အားပေးစကား
ပြောရတာ ခက်တော့အခက်သားဗျ ဒါပေမဲ့ စိတ်ခနအေးလာတဲ့
အချိန်တော့ပြန်စဉ်းစားသင့်ပါတယ် အမှားအမှန်ကို ဘာကြောင့်လဲ
ဘာလို့လဲပေါ့ အမှားတွေရင်ပြင်ဆင်လိုက်ပါ လုပ်သင့်တာလုပ်
လိုက်ပါ ဘာကြောင့်ဖြစ်ဖြစ် ပြဿနာဆိုတာ လူတိုင်းမှာ မနည်း
နဲ့အများရှိကျပါတယ် ဖြေရှင်းလို့မရဘူးဆိုတာ မရှိပါဘူး အရေး
ကြီးတာက စိတ်ဓာတ်ပါပဲ ကျွန်တော်လဲ စိတ်ဓာတ်တွေအကြိမ်
ကြိမ်အခါခါကျခဲ့ဖူးပါတယ် တယောင်ထဲအေးဆေးပြန်စဉ်းစား
တယ် ငါဘာမှားလဲ ဘယ်လိုဖြေရှင်းရမလဲပေါ့ ဒီလိုနဲ့ရင်ဆိုင်လာ
တာ ခုချိန်ထိပါပဲ တချို့တွေ စိတ်ဓာတ်ကျ ပြဿနာတွေနဲ့စိတ်
ဓာတ်ကျနေတာကို တွေ့ရင် ကျွန်တော်လုပ်သလိုလေးပြောပြ
ပါတယ် တချို့ကတော့နားလည်ကျတယ် အဆင်ပြေသွားလို့ ကျေးဇူးတွေတောင်တင်လို့ ဘာရယ်တော့မဟုတ်ပါဘူး ကိုယ့်
တိုင်ကြုံတွေခံစားခဲ့ရတာလေးတွေကို တခြားသူတွေကို ကိုယ်
လိုပဲ စိတ်ဓာတ်ကျနေတဲ့အချိန်တွေကို ခေါင်းအေးအေးနဲ့ဖြေရှင်း
စေချင်တာပါ လူ့ဘဝဆိုတာ အလည်လာတဲ့သဘောပါပဲ စိတ်
ဓာတ်မကျ ကျပါနဲ့ အားတင်းထားပါ အရာရာရင်ဆိုင်ဖြေရှင်းလိုက်
ပါ သေချာစဉ်းစားလုပ်ရင်အမှားနည်းပါတယ် ကျွန်တော်ကတော့
အမှတ်တမဲ့လုပ်လိုက်မိလို့မှားသွားရင် အသိဝင်ပီဆိုတာနဲ့ စဉ်းစား
ပီးပြင်ဆင်လိုက်တယ် တဖြည်းဖြည်းအဆင်ပြေသွားတာပါပဲ အား
လုံးလဲ စိတ်ညစ်စရာကြုံလာတိုင်း စိတ်ဓာတ်မကျပါနဲ့ အားတင်း
ထားပါ စိတ်ဓာတ်ဆိုတာ လူတစ်ယောက်အတွက်အကြီးမားဆုံး
ခွန်အားကြီးတခုပါပဲ အားလုံးပဲအဆင်ပြေသောနေ့ရက်များပိုင်ဆိုင်
ကျပါစေဗျာ။

@chitmgmg

           HFS-35 ![image](https://img.esteem.ws/huzx1dtysv.jpg)
13 upvotes $0.00

Replies (5)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: