4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဝိတ်ချဖို့ရာ လေ့ကျင့်ပါ

lh6ntz1gp8.jpg
အစာမစားခင် တစ်နာရီအလိုမှာ လေ့ကျင့်ခန်းလုပ်တာ အကောင်းဆုံးပဲ။ ချွေးထွက်ပြီး နှလုံးခုန်မြန်ရင် ဇီဝဖြစ်ပျက်မှုလဲမြန်လာတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ပထမဆုံး ၁၅မိနစ်က ပျင်းစရာကောင်းတယ်။ အရှိန်ရလာလျှင် သူ့ဘာသာသူလုပ်ချင်စိတ်ပေါက်လာတယ်။ နောက်ဆုံးလေ့ကျင့်ခန်းပြီးတဲ့အခါ မိမိကိုယ်ကိုယုံကြည်မှုမြင့်တက်လာတာ တွေ့ရပါလိမ့်မယ်။ ဒါကြောင့် လေ့ကျင့်ခန်းကိုလဲ အားတင်းပြီးလုပ်ပါ။ အဆင်ပြေလာပါလိမ့်မယ်။ အစပိုင်ပဲ အားထုတ်ဖို့လိုတာဖြစ်ပါတယ်။
လေ့ကျင့်ခန်းလုပ်တဲ့အခါ ပထမဆုံး ငါးမိနစ်ကိုသွေးပူလေ့ကျင့်ခန်းအတွက် သီးသန့်အချိန်ပေးသင့်ပါတယ်။ကြွက်သားတွေ သွေးလျှောက်အားများရင် အကြောတွေအလိုလိုပြေလျော့လာတယ်။ အဲဒီအခါ လေ့ကျင့်ခန်းလုပ်ဖို့ တော်တော်လွယ်ကူသွားတယ်။ဝိတ်ချတဲ့အခါ သွေးပူလေ့ကျင့်ခန်းက တော်တော်အထောက်အကူပြုတယ်။ ၁၅မိနစ်နဲ့ကို ချွေတော်တော်ထွက်ပြီး ကယ်လိုရီတွေ ကုန်ဆုံးနေတယ်။ နောက်တစ်ချက်က လေ့ကျင့်ခန်းပြီးတဲ့အခါ အိပ်ထမတင်ဗိုက်လေ့ကျင့်ခန်းကို ၁၅မိနစ် သီးသန့်ထပ်လုပ်သင့်ပါတယ်။ ဗိုက်ချပ်ဖို့ဒီလေ့ကျင့်ခန်းက အများကြီးအထောက်အကူပြုခဲ့တယ်။
သွေးပူလေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ အိပ်ထမတင် ထိုင်ထခါးလှည့် စတဲ့လေ့ကျင့်ခန်းတွေနဲ့ အရင်လုပ်ရမယ်။ပြီးမှ နည်းနည်းပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေဆက်လုပ်သင့်တယ်။ တအားပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုးကို မိနစ်၄၀ထက် ပိုလုပ်မိရင် Cortisol ဟော်မုန်းထွက်လာတတ်တာလဲ သတိပြုသင့်ပါတယ်။

34 upvotes 2 downvotes $0.00

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: